Real life 2
14.7K 1.2K 21
နောက်တစ်နေ့တွင်တော့ ဂျူလီယာကိုကို
တစ်ယောက် အိမ်တော်ကဒရိုက်ဘာက
တောင်ပေါ်ကအိမ်တော်သို့ခေါ်လာတာကြောင့်
သူမလိုက်လာခဲ့သည်။သူမနဲ့ မောင့်ဒါလင်ဟာ
သူငယ်ချင်းတွေဖြစ်ပေမယ့် မောင့်ဒါလင်က
သူမထက်အစစအရာရာသာနေတာကြောင့်
မနာလိုဖြစ်ခဲ့ရသည်။ မင်္ဂလာပွဲတုန်းက သူမ
ပြည်ပရောက်နေတာကြောင့်မတက်ဖြစ်ပေမယ့်
မောင့်ဒါလင်စီသွားလည်ချိနိတိုင်ခြံရှေ့ကမောင်း
ထုတ်ခံခဲ့ရသည်။အခုတော့ တောင်ပေါ်တွင်
အပန်းဖြေနေသည်ဆိုတာကြောင့်ထိုနေရာသို့
လိုက်ခဲ့ခြင်းဖြစ်သည်။ ဒါတွေကိုကြည့်ရုံဖြင့်
မောင့်ဒါလင်လက်ထပ်ထားသူမှာသာမန်မဟုတ်
မှန်းသူမသိတာကြောင့် မောင့်ဒါလင်အားထိုလူနားက တစ်နည်းနည်းဖြင့်ဆွဲခွာရမည်ဖြစ်သည်။
" ဆင်းလို့ရပါပြီး မိန်းကလေး"
" မမလေးလို့ခေါ်"
"  ကျတော်တို့ကိုသခင်ကြီးကလွဲရင်
ဘယ်သူမှအမိန့်ပေးလို့မရပါဘူး "
"ကြီးကျယ်လိုက်တာ ငါသာသခင်မဖြစ်လာရင်
နင့်လိုပညာမတတ်တဲ့ကောင်ကိုအလုပ်ထုတ်
ပစ်မယ်"
"ကျတော်က ဟားဗတ်ကဘွဲ့ရပြီးသားပါ
သခင်ကြီးလက်အောက်ကလူတွေအားလုံး
သန့်ရှင်းရေးအိမ်ဖော်ကအစ နိုင်ငံခြားမှာ
ဘွဲ့ရထားပြီးသားတွေကြီးဘဲ အားလုံးကလဲ
ကိုယ်ခံပညာတတ်တယ် ကျတော်တို့မှာ
လူသတ်ခွင့်လဲ ရှိပါတယ် သခင်လေး
နားမရိုးမသားချဉ်းကပ်တဲ့မည်သူမဆိုသတ်မိန့်
ပေးထားပါတယ် သမ္မတဖြစ်နေရင်တောင်ပေါ့"
"တောက်!"
သူမ လဲမနာလိုဖြစ်လွန်းလို့ရူးသွားနိုင်တာ
ကြောင့် အိမ်ထဲသာဝင်လာလိုက်သည်။
အိမ်အပြင်ဆင်နဲ့သုံးထားသည့်အဖိုးတန်ပစ္စည်း
တွေကိုကြည့်ရင်းဘဲသူမလောဘစိတ်ပိုတိုး
လာသည်။
" ရောက်လာပြီးလား လာထိုင်လေ"
" နင်အဆင်ပြေရဲ့လား မတွေ့တာကြာပြီးနော်"
"ပြေပါတယ် ငါ့ကိုရှာတာဘာကိစ္စလဲ"
"ငါကြားတာတော့ နင်ကနင့်ယောကျာ်းကို
မချစ်ဘူးဆို အခုသူ့တွက်ကလေးလဲမွေးပေး
ပြီးပြီးဘဲ သူ့နားကထွက်လာလိုက်တော့"