Real life 7
13.9K 1.1K 12
မောင့်ဒါလင်နဲ့ခတ္တာညိုတို့ အကြည့်ချင်းစစ်
တိုက်နေချိန် မျိုးသည်မင်းပြန်ရောက်လာခဲ့သည်။
" ငယ် အိမ်တော်ထိန်းဖုန်းဆက်တယ် သားက
နိုးပြီးအရမ်းငိုနေတယ်တဲ့"
" ဟုတ်လား ဒါဆိုပြန်ကြမယ်လေ"
" အစ်ကိုတို့ပြန်ကြတော့မလို့လား ခုနကဘဲ
ရောက်တာကို ကလေးကတော့ငိုဖို့နဲ့စားဖို့ဘဲ
သိမှာပေါ့ မောရင်တိတ်သွားလိမ့်မယ် "
"...."
မျိုးသည်မင်းကမျက်မှောင့်ကျုံ့ကာကြည့်နေပြီး
မောင့်ဒါလင်က တော့ ထိုလူကိုပြန်ချေပလိုက်
သည်။
" ကလေးတွေကငိုတာမှန်တယ် မောရင်တိတ်
သွားတာတော့မမှန်ဘူး ငါတို့လဲမင်းမွေးနေ့ကို
အသိမှတ်ပြုပေးပြီးပြီး ပြန်တာကိုဘာလို့လာတားနေတာလဲ"
" ဒါဆိုလဲ အစ်ကိုအရင်ပြန်လိုက်လေ
ကိုမျိုးသည်မင်း ကတော့ ရောက်တုံးရောက်ခိုက်
နေခဲ့ပါအုံး"
ထိုခါမှမျိုးသည်မင်းက
" ငါ ငယ်နဲ့တစ်စက္ကန့်လေးတောင်ခွဲမနေနိုင်ဘူး"
" ဟက် ကလေးရှိတာနောက်စံတင်းနေရတယ်
အစ်ကိုနောင်တရသင့်ပြီ"
" မင်းဘာပြောတာလဲ!"
မျိုးသည်မင်းအသံကျယ်သွားတာကြောင့်
ဘေးနားကလူတွေလှည့်ကြည့်လာသည်။
" ကိုကို ထားလိုက် သူပြောတာနားမထောင်နဲ့
ပြန်ကြမယ်"
မောင့်ဒါလင်က မျိုးသည်မင်းကိုဆွဲကာထိုနေရာ
ကထွက်သွားလိုက်သည်။ ခတ္တာညိုက...
"တောက်!အဲ့သောက်ကလေးက ငါ့အစီစဉ်ကို
ဝင်ဖျက်သွားတယ် ငါ့အကြောင်းသိစေရမယ် "
နေ့ရက်တွေ ကုန်ဆုံးသွားချိန်မှာတော့
မင်းဘုန်းကညာရဲ့ ရက်တစ်ရာပြည့်နှင့်
အမည်ပေးကင်ကွန်းတတ်အား daddyကြီးက
နေ့ခင်းဘက်တွင် မိဘမဲ့ဂေဟာနဲ့ဘိုးဘွားရိပ်
သာအပြင် လိုအပ်နေသည့်လူများကို အလှူတန်း
လုပ်ပြီး ညဘက်တွင် ဘေါလုံးကွင်းတစ်ခုလုံး
ငှါးကာ ​မွေးနေ့ကျင်းပပေးသည်။ ထိုမွေးနေ့ပွဲ
တွက် တန်ခိုးရှင်က မင်းဘုန်းကညာတွက်
ဝတ်စုံစပွန်ဆာပေးကာ couple ဝတ်ထား
သည်။