Unicode
အကြောင်းအရာ__(၁၀)နှစ်ကျော်ကြာ ဂရုတစိုက် ထိန်းသိမ်းထားခဲ့ရတဲ့ single life လေး သက်တမ်းကုန်ဆုံးသွားခြင်း။
ဒီနေ့ DNAသွားစစ်ဖို့အတွက် ချိန်းဆိုမှုတွေလုပ်ဖို့ ရှောင်းကျန့် သူ့အတွင်းရေးမှူးကို ခိုင်းထား၏။ သူငယ်ငယ်ကတည်းက ပခုံးဖက်ပေါင်းသင်းလာသည့် အချစ်ဆုံးသူငယ်ချင်း ယွဲ့မင်ဟန်ရဲ့ ဆေးရုံမှာ စစ်ဖို့သူရွေးချယ်ထားသည်။ ဒါကလည်း သူ့ဘက်က သံသယကင်းစေနိုင်ဖို့ရာ သူယုံကြည်နိုင်မည့်
အခြေအနေကို ရွေးချယ်ခြင်းသာ။ ဒါကို ဝမ်ရိပေါ်ဘက်ကရော ၊ ရှေ့နေဘက်ကပါ လက်ခံလိုက်လျောပေးကြသည်။ ဆေးရုံမှာ ဆုံကြဖို့ အချိန်းအချက်လုပ်ထားတာမို့ ရှောင်းကျန့်လည်း အချိန်မှီအောင် သွားလိုက်တော့သည်။သူရောက်တော့ ရှေ့နေနှင့် ရှေ့နေရဲ့လက်ကိုတွဲထားတဲ့ ကလေးမလေးကိုတွေ့ရသည်။ သူယဥ်ကျေးမှုအရ ခေါင်းငြိမ့်ပြကာ နှုတ်ဆက်လိုက်သည်။
"Sorry ကျွန်တော် လာခါနီးမှ အရေးကြီးကိစ္စလေး ပေါ်လာလို့...."
"ရပါတယ်ဗျာ.... ကျွန်တော် နားလည်ပါတယ် "
တစ်ဖက်လူက အဆင်ပြေကြောင်းပြောမှသာ ရှောင်းကျန့် သက်ပြင်းတစ်ချက် ခိုးချရသည်။ ရှောင်းကျန့်ဆိုတာက အချိန်တိကျမှ ကြိုက်တဲ့သူ။သူကိုယ်တိုင်ကလည်း အချိန်ကိုလေးစားသည်။ စီးပွားရေးနယ်ပယ်ထဲမှာ အချိန်ဆိုတာ ရွှေထက်ပင်ရှားသေးတာမို့ အချိန်တိကျဖို့ရာ အမြဲဂရုစိုက်ရသည်။ အခုလည်း လာခါနီးမှ ကုမ္ပဏီမှာ ပြဿနာတစ်ခုပေါ်လာ၍ သူဖြေရှင်းနေသည်မို့ နောက်ကျသွားခြင်းဖြစ်သည်။
"ဒါဆို ကျွန်တော်တို့ ဝင်ကြရအောင်လေ"
အခုထိ ဆေးရုံရှေ့မှာ ရပ်နေကြတုန်းပဲမို့ ရှောင်းကျန့် လော်ဆောလိုက်သည်။ ဒီကပြန်ပြီးရင်လည်း ရှယ်ရာရှင်အစည်းအဝေးရှိသေးတာကြောင့် သူကုမ္ပဏီကို ပြန်ပြေးရအုန်းပေမည်။
"Mr. Wang မရောက်သေးပါဘူး Mr. Xiao ကျွန်တော်တို့ သူ့ကို စောင့်ကြရအုန်းမယ်လေ...."
ရှောင်းကျန့် အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်မိ၏။ ပြောခဲ့ပြီးသလိုပဲ သူက အချိန်တိကျသလို တဖက်သူကိုလည်း အချိန်တိကျစေချင်သည်။ အချိန်မတိကျတဲ့သူမျိုးဆို သူသဘောမကျ။ သူ့အတွင်းရေးမှူး စုံစမ်းပေးထားသည့် အချက်အလက်များကို ပြန်တွေးကြည့်မိလာ၏။ ဝမ်ရိပေါ်က ဝမ်အိမ်တော်ရဲ့ တစ်ဦးတည်းသောသား ၊ ငယ်ငယ်ကတည်းက အလိုလိုက် ဖူးဖူးမှုတ်ထားခံရ
သည့်ကောင်ကလေး။ ဒါကြောင့် အနည်းငယ်ဆိုးသွမ်းလေသည်။ တွေးနေရင်းနှင့်ပင် ပိုခေါင်းကိုက်လာရသည်။ သူဘယ်ဘဝက ဝဋ်ကြွေးကြောင့် ပေါ့ပျက်ပျက်ကောင်လေး
နှင့် ဆုံဖို့ ကံကြမ္မာပါလာရတာတုန်း...။
DU LIEST GERADE
သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!
Fanfictionနေရင်းထိုင်ရင်း သမီးတစ်ယောက်နှင့်ယောက်ျားတစ်ယောက် ကောက်ရလိုက်ပြီးနောက် ဘဝကြီးက ကမောက်ကမတွေစဖြစ်တော့တာပါပဲ😑😑😑