အပိုင်း- ၈

878 100 31
                                    

Unicode

အကြောင်းအရာ- မိုးပြိုတာမဟုတ်ဘူး
ဝက်ပေါက်ငိုနေတာဟ!

"ဒီနေ့ကရော ဘာဖြစ်ရပြန်တာတုန်း
ဖေ့သား"

ဟောက်ရွှမ်းက ဒီနေ့လည်း မှိုင်တွေနေပြန်
သည့် ဝမ်ရိပေါ်ကိုကြည့်ကာ အမေးစကားဆို၏။

"ဘဲကြီးက လုံးဝ မမိုက်ဘူးကွာ ငါမနိုးခင် ထသွားတယ် ပြောကြည့် သူ့မှာ အလုပ်တွေ မဟားတရားပေါ်နေသလားပဲ"

သောက်ကျိုးနည်း!!!

သူမနိုးခင်ထသွားတာနဲ့ပဲ သောက်ဒရမာမာလာချိုးနေတယ်။ ဟောက်ရွှမ်း စိတ်အချဥ်ပေါက်လာသဖြင့် ထို့သကောင့်သားကို ပလစ်လိုက်ကာ ဖုန်းကိုထုတ်၍ weiboဖွင့်ကြည့်နေလိုက်သည်။

"ဟေ့ကောင် မင်းအဖေကို နည်းနည်းတော့ အဖက်လုပ်အုန်း"

သူ့ကို ပလစ်လိုက်တာမို့ ဝမ်ရိပေါ်က
ဟောက်ရွှမ်းကို တံတောင်နှင့်တွတ်ကာ တီးတိုးပြောသည်။ အသံကျယ်လို့ မဖြစ်။ ရှေ့မှာ ဆရာက လက်ချာရိုက်နေသည်မို့။

မကြားသလိုလုပ်နေတဲ့ ဟောက်ရွှမ်းက ရုတ်တရက် အထူးအဆန်းတွေ့လိုက်ရသလိုမျိုး ဝမ်ရိပေါ်ဆီ သူ့ဖုန်းကိုထိုးပေးကာ
အလန့်တကြားပြောလာသည်။

"ကြည့်! ဟေ့ကောင် ဒါ မင်းဘဲကြီး မဟုတ်လား!!ရေလည် မိုက်နေတာနော်"

ဝမ်ရိပေါ် ကြည့်လိုက်တော့ သွေးပင်ဆောင့်တက်လာရသည်။ ကြည့်စမ်း! ရေကူးကန်ထဲမှာ စွပ်ကျယ်အဖြူနှင့် ရိုက်ထားတဲ့ ဘဲကြီးပုံတွေ။ ရင်အုပ်ကျယ်ကြီးတွေနှင့် လက်မောင်းတောင့်တောင့်တွေ။ မုတ်ဆိတ်မွေးရေးရေးလေးရှိတဲ့ မေးဖျားမှာ ရေစက်လေးတွေဆွဲခိုနေကာ လုံးဝ ပစ်ကြွေစရာကြီး။ ဒါတွေက သူ့အပိုင်တွေလေ။ ဝမ်ရိပေါ်ဆိုတဲ့ ငါပိုင်တာလို့😭 အခု လူဘယ်နှစ်ယောက်တောင် သူ့အပိုင်ကို ကြူးနေကြပြီလဲ။

ဝမ်ရိပေါ် comments တွေကြည့်လိုက်တော့ တက်ပြီးသားသွေးပါ ဆောင့်တိုးလာလေ၏။

[အား......နောက်ဆုံးတော့ နှစ်ပေါင်းများစွာစောင့်ပြီးတဲ့နောက်မှာ ငါ့ယောက်ကျားရဲ့ ရေချိုးနေတဲ့ပုံကို တွေ့ရပြီ ဝူးဝူးဝူး....😭😭]

သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!Tempat cerita menjadi hidup. Temukan sekarang