အပိုင်း- ၉

749 91 20
                                    

Unicode

အကြောင်းအရာ- ငါ့ယောကျ်ားက ပိုပြီးအင်အားကြီးတာပေါ့ အဟက်!

ဝမ်ရိပေါ် က ဒီနေ့တော့ lectureချိန်တွေမှာ သေချာနားထောင်ဖို့ တွေးထားတယ် ။ ကျောင်းရောက်မှတော့ စာကိုလည်း အာရုံစိုက်ရမယ်လေ။ ဟုတ်တယ်မလား။ ကျောင်းရောက်ပြီး အာရုံက တခြားတွေရောက်နေမှတော့ သေချာတယ် အဲ့လိုလူက ဘယ်တော့မှ အောင်မြင်မှုဆိုတာကို ရမှာမဟုတ်။

*beep...beep...*

စာသင်ချိန်ဖြစ်နေတာမို့ ဖုန်းကို vibration ထား ထားတာမို့ အသံကြားတာနှင့် ထုတ်ကြည့်လိုက်ကာ ချဖို့ပြင်လိုက်ပေမယ့် Leyla တို့ကျောင်းက ဆရာမရဲ့နံပါတ်ဖြစ်နေမို့ တစ်ချက်တွေသွားရသည်။ Leylaများ တစ်ခုခုဖြစ်လို့လား။ စိုးရိမ်စိတ် ဝင်လာတာမို့ ဆရာ့အခြေအနေတစ်ချက်အကဲခတ်ပြီး ကိုင်လိုက်၏။

"ဟဲလို"

"ဟုတ်ကဲ့   Mr.Wang Yibo  ဟုတ်ပါတယ်နော် "

"ဟုတ်ပါတယ်ခင်ဗျ"

"ကျွန်မက Leyla Zoline ရဲ့ အတန်းကို တာဝန်ယူထားတဲ့ ဆရာမပါ"

"ဟုတ်ကဲ့  Leyla တစ်ခုခုဖြစ်လို့လား ဆရာမ"

"ဖြစ်တာက သူ မဟုတ်ပေမယ့်............. Mr. Wang Yibo ကျောင်းကို အခု လာခဲ့ပေးလို့ရမလား...အရေးကြီးလို့ပါ "

"ဟုတ်ကဲ့... ကျွန်တော် အခု လာနေပါပြီ "

ဆရာမရဲ့ အသံကို နားထောင်ရတာ ပြောရခက်နေဟန်မို့ အရေးကြီးတစ်ခုခုဖြစ်နေမှန်း သိလိုက်ပြီ။ ကြည့်ရတာ ဒီနေ့လည်းအောင်မြင်သူတို့ရဲ့လမ်းစဥ်ကို စွန့်ရတော့
မယ့်ပုံပင်။ သူ ယောက်ျားရပြီးကတည်းက ကျောင်းမှာကို မမြဲသေးပေ။ လူက ကျောင်းမှာ ရောက်တော့လည်း စိတ်က တခြားမှာ ။ ယောက်ျားမရခင်ကလည်း ကျောင်းနှင့် allergic ရှိတာပေမယ့် ယောက်ျားရပြီးတော့ ပိုဆိုးလာ၏။ မတတ်နိုင်  သူ မအောင်မြင်တော့လည်း ဘာအရေးလဲ၊ သူ့ယောက်ျားရှာထားတာနှင့်တင် ဆက်သက်ထိုင်စားနိုင်သည်။

"ဟေ့ကောင် ဒါက ဘယ်ကို လိမ့်ပြန်အုန်း
မလို့လဲ"

သူ လှုပ်လိုက်တာနဲ့တင် ဟောက်ရွှမ်းက အသံတိုးတိုးနှင့်မေးလာတော့၏။

သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!Where stories live. Discover now