အပိုင်း- ၁၀

676 77 10
                                    

Unicode

အကြောင်းအရာ ။       ။တစ်ဦးတည်းသောသားလေးမို့ အရမ်းဆိုးတယ်နော် ။

"ကဲ မျက်နှာကြောကိုလျှော့ပြီး ကိုယ့်ကိုလဲ ပြောအုန်းမှပေါ့ ကျောင်းကနေထွက်လာကတည်းက တောက်လျှောက် စူပုပ်လာတာ"

ရှောင်းကျန့် ပြောမှသာ ဝမ်ရိပေါ်ကမျက်နှာထားကို အနည်းငယ် ပြင်လိုက်သည်။

"ကျွန်တော်လည်း သေချာမသိဘူး သူ့ကို
မေးကြည့်လေ"

ပြောပြောဆိုဆို ဝမ်ရိပေါ်က သူ့ရင်ခွင်ထဲက မီးမီးကို ရှောင်းကျန့် ဆီ ထိုးပေးသည်။ ရှောင်းကျန့် မီးမီးကို လက်လွှဲချီလိုက်ကာ

"ဒါဆို မင်းက ဘယ်သူမှားလဲ ဘယ်ဟာမှန်လဲ တောင် မသိပဲ ကိုယ့်ယောကျ်ားကို အသုံးချပြီး အာဏာပြခဲ့တာပေါ့"

ရှောင်းကျန့်က သူ့ဝသီအတိုင်း မျက်ခုံးတစ်ဖက်ပင့်လို့ စနောက်နေဟန်ဆိုလာတော့၏။

"ဝမ်ရိပေါ်ရဲ့သမီးက ဘယ်တော့မှ မမှားဘူး ...မှားခဲ့ရင်တောင် မှားပုံမှားနည်းမှန်တယ်"

"မင်းကတော့လေ...."

ရှောင်းကျန့်က သူ့ကို မနိုင်ဘူးဆိုတဲ့ဟန်နှင့် ခေါင်းခါပြကာ ခပ်တိုးတိုး ရယ်လေတယ်။

"မီးမီး အမှားမဟုတ်ပါဘူး ဒယ်ဒီရာ သူက
အရင် မီးမီး သူငယ်ချင်း စုန့်စုန့်ကို သူ့ဗလအားကိုးနှင့် လာအနိုင်ကျင့်တာလေ
ဟွန့် Leyla Zoline ရှေ့မှာ ဒါမျိုးလာလုပ်လို့ရမလား "

"ဒါပေမယ့် ရန်ဖြစ်တာက ကောင်းတာမဟုတ်ဘူးလေ... "

"သိပါပြီ ဒယ်ဒီ"

"ဘာဖြစ်လဲ ရန်ဖြစ်တော့! မတရားတာမြင်လို့ ဝင်ကူတာလေ! ဘဝဆိုတာ အများကြီးသင်ယူရအုန်းမှာ ရန်ဖြစ်ဖူးတာ အရှုံးမှမရှိပဲ"

"ဝမ်ရိပေါ်! "

"ဘာလဲ! "

ရှောင်းကျန့်က တစ်ခွန်းဆို ဝမ်ရိပေါ်ကလည်း တစ်ခွန်းမှ အပြောမခံပေ။

"ထားတော့... ဒီနေ့ ကိုယ့်ဆီ မင်းအကြောင်း တိုင်ချက်နှစ်ခုရောက်တယ်"

"ဘယ်က တိုင်ချက်တွေလဲ"

"တစ်ခုက ကျောင်းက!မင်း အတန်းချိန်တွေ လွတ်တာများနေလို့တဲ့...နောက်တစ်ခုက
ဒီနေ့ မင်းမိဘတွေ ကိုယ့်ဆီရောက်လာတယ်"

သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!Hikayelerin yaşadığı yer. Şimdi keşfedin