အပိုင်း - ၁၃

622 67 11
                                    

Unicode

အကြောင်းအရာ _ စိတ်ကောက်နေတဲ့အမျိုးသားကို ချော့မယ်။

"သူတအား စိတ်ဆိုးနေတာလား "

ဝမ်ရိပေါ် သူ့အတွက် အကြိုလွှတ်ပေးလိုက်သည့် ကားပေါ်တက်ထိုင်လိုက်ရင်း ရှေ့ခန်းမှာ ရှိနေသည့် အတွင်းရေးမှူးယွဲ့ကို မေးလိုက်သည်။ ဒရိုင်ဘာတောင်မဟုတ်ပဲ အတွင်းရေးမှူးယွဲ့ကို အကြိုလွှတ်လိုက်ကတည်းက အခြေအနေသိပ်မကောင်းမှန်း ရိပ်မိပေမယ့် သေချာအောင် သတင်းနှိုက်
ကြည့်ရမည်။

"မသိပါဘူး ဝမ်သခင်လေး"

"အာ ကျွန်တော့ကို တလေးတစားကြီး ဆက်ဆံစရာမလိုပါဘူး ဝမ်ရိပေါ်လို့ပဲခေါ်လို့ ရပါတယ် "

"ဘော့စ် မကြိုက်တာကို လုပ်လို့မဖြစ်ပါဘူး သခင်လေးဝမ်"

အတွင်းရေးမှူးဖြစ်တာပဲ နှစ်တွေကြာလှပြီ သူ့ဘော့စ်အကြောင်းကို သေချာသိလေ၏။ နေရင်းထိုင်ရင်း ရှာလကာရည်သောက်နေ
မည့် ဘော့စ်ကြောင့် သူ့အလုပ်လေး မဆုံးရှုံးချင်ပါဘူးနော်။

"ဓာတ်ပုံတွေ တွေ့သွားတော့ သူတအား ဒေါသထွက်နေလားဟင် "

"မသိပါဘူး "

"နည်းနည်းလောက် ပြောပြပါလား"

"မသိပါဘူး "

ဘူး တစ်လုံးဆောင်နေသော အတွင်းရေးမှူးယွဲ့ကြောင့် ဝမ်ရိပေါ် ကူကယ်ရာမဲ့သွားရ၏။ အင်းလေ ဒီလို နှုတ်လုံလို့ပဲ ရှောင်းကျန့်ရဲ့ အတွင်းရေးမှူးဖြစ်လာတာပေါ့။ ကုမ္ပဏီနှင့်နီးလာလေလေ ရင်ပိုတုန်လာလေပင်။ ကိုယ့်နှလုံးခုန်သံတောင် ကိုယ်ပြန်ကြားနေရသည်အထိ ထိတ်လန့်နေမိသည်။ ဓာတ်ပုံရိုက်သွားတဲ့သူကို သိရင်တော့လား။ ကောင်းကောင်းကြီး ပညာပေးလိုက်မယ်။

အား!!! အားတဲ့ နတ်ဘုရား ဆင်းကယ်ပေးကြပါ!

____________

ဒုတ်...ဒုတ်... ဒုတ်...ဒုတ်

သူ ထိုင်နေတာ နာရီဝက်ကျောက်နေပြီ။ ရောက်ကတည်းက ထိုင် ဆိုတဲ့တစ်ခွန်းပဲပြောပြီး အလုပ်တွေပဲ အာရုံစိုက်နေဟန်ရှိကာ
သူ့ကို ဘာမှပြောမလာသလို ဘာမှလဲမမေးပေ။စာရွတ်လှန်တဲ့အသံကလွဲ တိတ်ဆိတ်နေကာကြာတော့ လူကရူးချင်လာသည်။ တစ်ခုခုမေးရမှာမဟုတ်ဘူးလား။ မေးမှ
သူလည်း ဖြေရှင်းလို့ ရမှာပေါ့။ ဒီလိုကြီး
လစ်လျူရှုထားတော့ နေရခက်လာလေ၏။

Você leu todos os capítulos publicados.

⏰ Última atualização: Jan 21, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!Onde histórias criam vida. Descubra agora