[Z] Chapter 5

661 8 0
                                    

ဒီလောက်များလှတဲ့သွေးတွေ သျှားတခါမှမမြင်ဖူးပါ။ လူတယောက်ကိုယ်ကနေ ဒီလောက်သွေးတွေအများကြီး ထွက်လာနိုင်မယ်လို့ မထင်ထားခဲ့မိတာ အမှန်ပင်။ ကောင်းကင်ထက်မှ တလက်လက်တောက်ပနေတဲ့ မီးရှူးမီးပန်းများကြောင့် ကြမ်းပြင်တွင် ရွှဲအိုင်နေပြီဖြစ်သော သွေးရောင်မှာ ၂ဆပိုရဲတောက်နေသည်။

လက်ထဲမှ သေနတ်မှာ တဆထက်တဆပိုလေးလာကာ သျှားလက်များတုန်လှုပ်လာပြီး သေနတ်ကို လွှတ်ချလိုက်သည့်အခါ မြေပြင်သို့မကျဘဲ လူတယောက်မှ အလျင်အမြန်ဖမ်းယူလိုက်သည်။ အရှေ့တည့်တည့်တွင် ရောက်လာသောသူမှာ ဘယ်သူများပါလဲ.. ရုတ်တရက်ခေါင်းထဲတွင် ဘာမှဝေခွဲမရပါ။

"ဟေ့ ဒီမှာ ဟေ့လူ" ကျောက်ရုပ်တရုပ်လို မှင်သေနေသော ထိုလူလက်ထဲမှ လွတ်ကျလာသည့် သေနတ်ကို အမြန်ဖမ်းယူရင်း ထိုသူ့ကိုဇွဲခေါ်လိုက်သည်။

"ဟေ့လူ ကျွန်တော်ခေါ်နေတာရော ကြားရဲ့လား?" ပုခုံးကိုလှုပ်ကိုင်ရင်း မေးလိုက်သည်။

သျှားအရှေ့တည့်တည့်မော့ကြည့်လိုက်သောအခါ ရဲရဲတောက်နေသောသွေးအိုင်၊ နောက်ဆုံးထွက်သက်ကို ကြိုးစားပမ်းစားရှူရှိုက်ရင်း သေမင်းနှင့်တိုက်ပွဲဝင်နေသည့် စက်ဆုပ်ထိတ်လန့်ဖွယ်လူကြီး၏ မြင်ကွင်းတို့ကို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တခုမှ ဖုံးကွယ်သွားသည်။ ထိုအခါတွင်မှ သျှားအသိစိတ် နည်းနည်းပြန်ဝင်လာပုံရသည်။

"ကို..ကိုကလည်း မဆိုးနဲ့ကွာ သွား"

အား ဟင့်

အင့် အား

ခေါင်မိုးပေါ်သို့ တက်လာသည့် စုံတွဲတတွဲမှာ မိုးမမြင်လေမမြင် နှုတ်ခမ်းချင်းပူးကပ်ကာ နမ်းရှိုက်သံများ ထွက်ပေါ်လာသည်။ ၁၈နှစ်ကျော်ကျော်သာ ရှိဉီးမည့် ယာမကာနှင့်ရီဝေနေသည့်ကောင်မလေး၏လည်တိုင်ကို နမ်းရှိုက်လိုက်သောအခါ

"အဟင့်..ကို..ယားတယ် မလုပ်နဲ့ လူမြင်ကွင်းကြီးမှာကို"

"သဲကလည်း ဒီအပေါ်မှာ ဘယ်သူမှမရှိပါဘူး ကိုတို့အမြဲအခန်းထဲမှာပဲ လုပ်ရတာ ပျင်းဖို့မကောင်းဘူးလား? ဒီလိုဆို ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်လေနော်...ပြီးတော့ ဒီညက New Year ညလေကွာ..သဲလည်း ကြိုက်တယ်မလား..မညာပါနဲ့" ကောင်မလေးခါးကိုဖက်ရင်း အနမ်းများအဆက်များမှာ အဆက်မပြတ်။ ထို့နောက် ခေါင်မိုးလှေကားဝင်ပေါက်ဘေးနားရှိ နံရံဘက်နှင့် ကိုယ်အကြားကပ်ညှပ်ထားလိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ အချင်းချင်းပွတ်သပ်နေကြသည်။

Silent White Lies (Complete)Opowieści tętniące życiem. Odkryj je teraz