[Z] Chapter 9

333 6 0
                                    

"အဲ့ဒါ​ရော"

တို့ဟူး​​​ပျော့အဖတ်များစမ်းထား​သော ​ခေါက်ဆွဲတမျိုးကို လက်ညှိုးထိုးပြရင်း ဇွဲ​မေးလိုက်သည်။

"ဟင့်အင်း"

"အာ့ဆို ဒါ​ရော?"

「ယ​နေ့အထူးမနက်စာ」"ဝက်နံရိုး​ပေါင်း​​ခေါက်ဆွဲ"

ဆိုင်​ရှေ့တွင်ကပ်ထား​သော menu စာရွက်ကိုကြည့်ရင်း သျှားသည် ​ခေါင်းတရမ်းရမ်းနှင့်

"ဟင့်အင်း"

"အာ့ဆို ခင်ဗျား ဘာစားမှာလဲ? ဒီ​လောက်​ချေးများတာ ဒီတ​ဈေးလုံးခင်ဗျားစားတဲ့ဟာ​ရော ရှိ​သေးရဲ့လား?"

ဈေးအ​ပေါ်ထပ်တွင် ခိန်းကိုလိုက်ရှာကြည့်​သော်လည်း အချည်းနှီးသာ။ ​​​​အောက်ပြန်ဆင်းလာပြီး ​နေကလည်းမြင့် ခုထိမနက်စာလည်းမစားရ​သေးသလို ညကလည်းညနက်အထိ ဗိုက်​ဟောင်း​လောင်းနှင့်အိပ်သွားခဲ့တာ​ကြောင့် ဇွဲလည်းဗိုက်ဆာ​နေပြီဖြစ်၍ သိပ်စိတ်မရှည်ချင်​တော့ဘဲ ​ချေးများ​နေသည့် ထိုလူကို ဘုကြည့်ကြည့်လိုက်သည်။

"​ကော်ဖီ..​​ကော်ဖီ​သောက်ချင်တယ်"

ဘာမှမစားရင်လည်း​နေ​တော့လို့​ပြောမလို့​လုပ်​နေစဉ်မှာပဲ ထိုသူက ​ပြော​ပြောဆိုဆိုနှင့်လှုပ်စိလှုပ်စိအ​ရှေ့မှာ ဆိုင်ထဲဝင်သွား​​​လေသည်။

------------------

၂ယောက်စလုံးစားသောက်ပြီးချိန်တွင် နေ့လည်၁၂နာရီကျော်နေပြီဖြစ်သည်။ ရာသီဥတုကူးပြောင်းခါနီး ဖြစ်သည့်အလျောက် မနက်ခင်းပိုင်းနှင့်ညနေစောင်းပိုင်းတွင် ချမ်းစိမ့်နေတတ်သော်လည်း အခုလို နေ့လည်နေ့ခင်းပိုင်းတွင်မူ နေပူရှိန်မှာမထင်ရင်မထင်သလို ပူပြင်းလှသည်။

ကော်ဖီတခွက်အပြင် ဘာမှမမှာသောထိုလူကို နေ့ခင်းဘက်အလင်းရောင်ကောင်းကောင်းနှင့် အခုမှသေချာ သတိထားကြည့်မိသည်။ အရှေ့တွင်ထိုင်နေသည့် လျှမ်းသူဆိုသည့်ထိုလူမှာ ဖြတ်လက်သောပုံစံရပေမယ့် လောလောဆယ် မျက်လုံးဝိုင်းဝိုင်းများအောက်ရှိ မျက်ဝန်းတဝိုက်မှာ နည်းနည်းညိုနေကာ လက်ကောက်ဝတ်များကလည်း မိန်းကလေးသာသာပိန်သေးသေးသာရှိသည်။ ဇွဲစစ်ရှိန်အားနှင့်သာဆိုလျှင် သူ့လက်၂ဖက်စလုံးကို ဇွဲလက်တဖက်တည်းနှင့် ချိုးပစ်လို့တောင်ရနိုင်လောက်အောင် ပိန်သေးနေသည်။ ဘယ်လိုကြည့်ကြည့် အစားအသောက်ကောင်းကောင်း မစားဘဲနေသည့်ပုံပေါ်နေသည့်အတွက် ဇွဲ မေးလိုက်သည်

Silent White Lies (Complete)Donde viven las historias. Descúbrelo ahora