[U] Chapter 37

588 27 1
                                    

"မင်းပြောတော့ ဆိုင်ကယ်မစီးတတ်ဘူး‌ဆို?"

ဇွဲစစ်ရှိန်က သွားဖြူဖြူတွေပေါ်လာတဲ့အထိ ပြုံးပြပြီး သျှားခက်လျှံကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးလိုက်သည်။

"ပြောမိလို့လား?" အပြစ်ကင်းစင်တဲ့ မအူမလည်ပုံစံမျိုးနဲ့ မေးလိုက်သည်။

သျှားခက်လျှံက မှတ်ဉာဏ်သိပ်မကောင်းတာကြောင့် ဇဝေဇဝါဖြစ်နေစဉ်

"လာ ကိုကို"

ပြောင်လက်နေသော အနက်ရောင်ဆိုင်ကယ်ပြိုင်ဘီးပေါ်တက်ခွပြီး အနောက်ခုံနေရာကို ပုတ်ပြသည်။

ဇွဲစစ်ရှိန်တက္ကသိုလ်စတက်တဲ့အခါ campus အတွင်းမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ နေတာဖြစ်သည်။ သျှားခက်လျှံကို စံအိမ်မှာ ဆက်ထားရင်မေးခွန်းထုတ်စရာဖြစ်လာနိုင်သလို အနေခက်မှာစိုးတာကြောင့် သူ့တိုက်ခန်းကို ခေါ်သွားဖို့ပြင်နေသည်။ နောက်ပြီး သူလည်း လွတ်လွတ်လပ်လပ် ကိုကိုနဲ့ နေချင်တာကတော့ တကြောင်းပေါ့။ မိဘတွေကို ဖွင့်ပြောဖို့ စဉ်းစားထားပေမယ့် လောလောဆယ် အခြေနေတွေမတည်ငြိမ်သေးတာကြောင့် ခဏစောင့်ပြီးမှ ပြောမယ်လို့ ဆုံးဖြတ်လိုက်သည်။

….

ထိုင်ပေမြို့လမ်းမများမှာ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ပြန့်တာကြောင့် လမ်းတလျောက် သျှားခက်လျှံ ငေးမောပြီး မန္တလေးမြို့ကိုတောင် သတိရသွားသည်။ ဒါပေါ့ နိုင်ငံခြားက ပိုသပ်ရပ်လှပပေမယ့် သူ့အမေဇာတိဖြစ်တဲ့ မန်းလေး‌ထပ်တော့ ပိုမချစ်နိုင်ဘူးလေ။

"တကယ်တော့ သာ့ကောကကျနော့်ကို ဆိုင်ကယ်မောင်းခွင့်ပိတ်ထားတာ။ ဆိုင်ကယ်နဲ့ အပြင်ခဏသွားတုန်း ဝင်တိုက်ပြီးလုပ်ကြံခံရတည်းကပေါ့။ အဲ့ဒါကြောင့် ကျနော့်ခြေထောက်မှာ အမာရွတ်ကျ‌န်သွားတာ။ ကြီးကြီးမားမားထိခိုက်မိတာတော့ မရှိပါဘူး။ သာ့ကောရဲ့ ပြိုင်ဖက်တယောက်ယောက်က ကြံစည်ခိုင်းဝာာထင်တယ်။ ကျနော်ပြန်ဖိုက်တော့ သူတို့မခံနိုင်ဘဲ ထွက်ပြေးသွားကြတယ်။ အဲ့အကြောင်းကို သာ့ကောသိသွားတော့ ကျနော့်ကို ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တာပဲ"

Silent White Lies (Complete)Dove le storie prendono vita. Scoprilo ora