[U] Chapter 20.2

724 38 2
                                    

​ရှေးခတ်ကကျွန်တ​ယောက်လို ​ခြေ​လက်​တွေ​ရော လည်ပင်းပါမှာ သံကြိုးတန်းလန်းနဲ့ ဆွဲ​ခေါ်သွားခံရသည်။ ​ရှော့ရိုက်ခံထားရတဲ့ဒဏ်​တွေ ​နေ့​​နေ့ညည မစားမအိပ်ခဲ့တာ​တွေ​ကြောင့် အသက်ရှိတယ်ဆိုရုံသာရှိပြီး ထွက်​​ပြေးဖို့ဆိုတာ အ​ဝေးကြီး လမ်း​တောင် တည့်တည့်မတ်မတ် ​လျောက်နိုင်​အောင် မနည်းကြိုးစား​နေရသည်။ 

"သျှားခက်လျှံတဲ့ နာမည်​လေးက ချစ်စရာ​လေး​နော်" သဇင့်ရဲ့ လက်သည်းချွန်ချွန်တို့က သူ့ပါးတ​လျောက် အသာယာခြစ်သွားရင်း

"လူ​လေးကလည်း အလှ​လေးပဲ အရုပ်က​လေးကျ​နေတာပဲ ဟိဟိ" 

သဇင့်ရဲ့ရယ်သံမှာ က​လေးဆန်​ပေမယ့် ရက်စက်တတ်တဲ့ စရိုက်က​တော့ သူ့မျက်ဝန်းထဲမှာ ထင်ဟပ်​နေ​သေးသည်။

တုံ့ပြန်မှုမရှိတဲ့သူ​ကြောင့် အခန်းတွင်း ခဏတာတိတ်ဆိတ်သွားပြီး​နောက်

"အရုပ်က​လေးကို ​ရွေးချယ်စရာ ၂ခု​ပေးမယ် တို့ဆီမှာ အလုပ်လုပ်​ပေး တို့သင်​ပေးနိုင်တာ​တွေ အများကြီး..ရှိတယ်" 

သူတို့စီးပွားပြိုင်ဖက်​တွေရဲ့ ​နောက်ကွယ်က ပြိုင်ဆိုင်မှု​တွေ အ​ကျော်အခွ ဇယား​တွေနဲ့ပက်သက်ပြီး info ယူတဲ့အပိုင်းမှာပဲဖြစ်ဖြစ် တ​ယောက်​ယောက်ကို အပြတ်ရှင်းပစ်ဖို့ပဲဖြစ်ဖြစ် သဇင်ဦး​ဆောင်ပြီး လုပ်​နေတာဖြစ်သည်။ တခါတ​လေမှာ စပိုင်လွှတ်ဖို့လိုလာရင် သုံးဖို့အတွက် သျှားခက်လျှံကို ​ရွေးချယ်လိုက်ခြင်း။ 

ဆွေမရှိမျိုးမရှိ တ​ကောင်ကြွက်ဖြစ်ပြီး ခုချိန်ထိ စာမလာသတင်းမကြား​ပျောက်သွားတာ​တောင် သူ့ကိုလာရှာတဲ့သူတ​ယောက်မရှိ။ ရုပ်ရည်အရလည်း မြင်လိုက်တာနဲ့ လူတိုင်းယုံ​အောင် ​ချွေနိုင်မယ့်ပုံစံမျိုး။ ဒါ​ကြောင့် သူ့လူအဖြစ် အပိုင်​မွေးဖို့ ဆုံးဖြတ်လိုက်သည်။

"မလုပ်ဘူးဆိုရင်​​ရော" ပထမဆုံးအကြိမ် ​ခြောက်​​သွေ့​နေ​သော နှုတ်ခမ်းတို့မှ နှုတ်ဟလိုက်ခြင်းမှာ အရှုံးမ​ပေး​သော ​လေသံဖြင့်။ 

"ခစ်ခစ် ဒုတိယတခုကို ကြိုက်မယ် မထင်ဘူး​နော်။ တို့က အလုပ်​တွေ အရမ်းပင်ပန်းရင် အပျင်း​ပြေသွား​ဆော့တဲ့ ကစားကွင်းရှိတယ်။ အဲ့မှာ ​နေချင်လို့လား? တို့က ​ဆော့ရင် နည်းနည်း​တော့ ကြမ်းတတ်တယ်​နော်.. အရုပ်က​လေး ခံနိုင်ပါ့မလား"

Silent White Lies (Complete)Donde viven las historias. Descúbrelo ahora