[U] Chapter 31

617 27 0
                                    

ထိုနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအပြီးမှာ သျှားခက်လျှံက သူ့ကို စကားပြောဖို့ ငြင်းဆိုနေသည်။ ဇွဲစစ်ရှိန်ကိုယ်တိုင်လည်း သူဘာအမှားလုပ်မိလဲ စဉ်းစားမရဖြစ်နေပြီး တနေကုန် စွန့်ပစ်ခံခွေး‌တကောင်လို ငူငူငိုင်ငိုင်နှင့်။

ကြားထဲက သွေးတိုးချင်နေတာကတော့ ခိန်းပင်။ ဟန်စစ်ရှိန်ဆီက ဖုန်းဆက်လာတိုင်း ဘာကြောင့် ပြန်မလာသေးတာလဲ အမြန်ပြန်လာဖို့ ဖိအားပေးခံရသည်။ တဖက်မှာလည်း မချစ်စဖူး အချစ်ရူးရူးနေတဲ့ သေနာလေးကို လိုက်ထိန်းကြောင်းနေရသည်။ ဒီ့အပြင် သူတို့ချင်း တဲ့နေရင်တော့ သူ့ကိုတောင်ရှိတယ် မထင်ဘဲ တခုခုမပြေမလည်ဖြစ်ထားပြီဆိုရင်တော့ သျှားခက်လျှံက သူ့အနားရောက်ရောက်လာပြီး သူနဲ့ပဲ စကားပြောတော့ သခင်လေးရဲ့ မျက်လုံးနီနီကြီးတွေနဲ့ ထိုးဖောက်မတတ် စိုက်ကြည့်ခံရပြန်သည်။ ဒီရက်ပိုင်းအတွင်းမှာ ခိန်းဟာ သူ့ဘဝရွေးချယ်မှုတွေ ဘာများမှားသွားလို့ ဒီလို ပဲကြော်ကြားကဆား‌လှော်ဖြစ်နေရတာလဲလို့ တွေးနေမိသည်။

သျှားခက်လျှံက ကိစ္စတခုခုကို အကြာကြီးစိတ်ဆိုးစိတ်ကောက်တတ်သူမဟုတ်ပေ။ ဒါကြောင့် ထိုညကကိစ္စကို  တကယ်တမ်းမှာ ဒီ့ထက်ပိုပြီး မဖြစ်သင့်တာမဖြစ်ရအောင် သူ့ဘက်က ရှောင်ဖယ်နေလိုက်ခြင်းသာ။ သို့သော်လည်း တချို့ကိစ္စတွေက မပြောမပြီး မတီးမမြည်မို့ ဇွဲစစ်ရှိန်‌ဆီ ချည်းကပ်သွားလိုက်သည်။ ဒီနေ့ နည်းနည်းနေသာတာမလို့ ရှပ်အကျီလက်တိုအဝါဖျော့ဖျော့၊အနက်‌ရောင်ချည်ဘောင်းဘီအရှည် ဝတ်ထားပြီး ခမောက်လေးစောင်းရင်း လက်ဖက်ခင်းတွေဆီ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ 

"ဇွဲစစ်ရှိန်" သျှားခက်လျှံ လှမ်းခေါ်လိုက်သည်။

သျှားခက်လျှံ သူ့ကိုလှမ်းခေါ်လိုက်တဲ့အခါ သူ့ရင်ထဲမှာ JR ‌ကျည်ဆံရထားကြီး ဖြတ်မောင်းသွားသလို ရင်တွေခုန်သွားကာ မျက်လုံးအရောင်တွေပါ လင်းလက်လာသည်။ 

"အင်း ဘာလဲ" တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

ကိုကို ငါ့ကိုစကားမပြောတာ ဒါနဲ့ဆို ၃၄နာရီကျော်ပြီ။ 

Silent White Lies (Complete)Donde viven las historias. Descúbrelo ahora