[U] Chapter 35

761 22 9
                                    

Dom/Sub ပုံစံတွေ အပြစ်ပေးတဲ့ပုံစံမျိုးပါကြောင်းကြိုတင်အသိပေးပါတယ်ရှင်
🚦🚦🔞🔞

"ခိန်း..အမကို ဖုန်းခဏလောက်ပေးဆက်လို့ရမလား?" ကားအနောက်ဆုံး‌ခုံကနေ လှမ်းပြောလိုက်သည်။

ညမဖြစ်သူ ဇွန်ပွင့်ဖြူနဲ့ နောက်ဆုံးစကားပြောခဲ့သည်မှာ ၂ပတ်ကျော်ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၄ရက်လောက်က ဖူးလေးသတိမေ့သွားတာ သတိပြန်မလည်လာသေးဘူးလို့ အဒေါ်ဖြစ်သူဆီက ဖုန်းဆက်တုန်းက ပြောခဲ့တာနောက်ဆုံး။ ဒါကြောင့် အန်နာ ဖူးလေးအတွက် အလွန်စိတ်ပူနေမိသည်။

"ဘာကိစ္စလဲ မရဘူး"

"အရေးကြီးလို့ပါ.. အမ ညီမလေး..သူကနေမကောင်းဖြစ်နေတာ..ခွဲစိတ်ရမယ်ပြောတယ်။အဲ့ဒါသူ့ဆီဖုန်းဆက်ချင်လို့ပါ"

အန်နာက သျှားခက်လျှံနဲ့အတူ သူတို့အိမ်ထဲ လိုက်မဝင်သွားဘဲ ကားပေါ်မှာပဲ နေခဲ့သည်။ ဇွဲစစ်ရှိန်က ဘယ်မိန်းကလေးသူငယ်ချင်းကိုမှ အိမ်မခေါ်ဖူးတာကြောင့် တက္ကသိုလ်ကသူငယ်ချင်းလို့ပြောရင်းလည်း ယုံမှာမဟုတ်ဘဲ သူ့ကောင်မလေးလို့ အထင်ခံရမှာ စိုးတာ‌တကြောင်း နောက်ပြီး အန်နာကိုယ်တိုင်လည်း လေယာဉ်စီးပြီး ခရီးပန်းနေတဲ့အပြင် တော်တော်မူးပြီး ပျို့နေတာကြောင့် တခြားလူတွေနဲ့ စကားပြောဖို့ သိပ်အားမရှိဖြစ်နေသည်။

ခိန်း နာရီတချက်ကြည့်လိုက်ပြီး - -

"အဲ့မှာအခုဆို ညဉ့်နက်နေလောက်ပြီ နောက်နေ့မှပြော။ ပြီးတော့ ဒီဖုန်းပေးလို့မရဘူး" တကူးတက hack ယူလာတဲ့ဒေတာတွေနဲ့ ဖုန်းကို အလွယ်တကူ သူများလက်ထဲ ထည့်မပေးချင်တာကြောင့် ပြောလိုက်သည် - -

"လိုချင်ရင် ငါ့မှာဖုန်းအပိုတလုံးရှိတယ် အိမ်ရောက်မှ ပေးမယ်" အန်နာ့ကိုလောလောဆယ် သူ့အိမ်မှာခေါ်ထားဖို့ စီစဉ်လိုက်သည်။

"မင်းကဘယ်မှာအိပ်မှာလဲ?" ဟန်စစ်ရှိန် မေးလိုက်သည်။

"သခင်လေး အလုပ်‌စောပြီးရင်
ကျနော် အိမ်ပြန်အိပ်မှာပါ.." သူ့တိုက်ခန်းက ကျဉ်းပြီး အခန်းတခန်းပဲပါ‌တာကြောင့် အန်နာမပြန်မချင်း ဆိုဖာပေါ်မှာပဲ အိပ်ရတော့မှာ တွေးပြီး နည်းနည်းစိတ်ရှုပ်သွားသည်။
....

Silent White Lies (Complete)Où les histoires vivent. Découvrez maintenant