Unicode
တိုတ်ခန်းလေးတစ်ခုထဲမှာ ကောင်လေးတစ်ယောက်က Gameကစားနေလေရဲ့ အခန်းတစ်ခုလုံးကလည်း ရှုပ်ပွနေပြီး ရှင်းမယ့်သူလည်းမရှိ Gameဆော့နေတဲ့ ကောင်လေးကလည်း ဒါတွေကို ဂရုစိုက်ဟန်မရှိပါ သူဆော့နေတဲ့ Gameအပေါ်မှာသာ အာရုံအပြည့်စိုက်ထားတယ်
ထိုကောင်လေးနာမည်ကတော့ Jeon Jungkook တဲ့ မျက်နှာလေးက ယုန်လေးနဲ့တူပြီး Gameရှုံးနေလို့ ဆူပုတ်နေတဲ့မျက်နှာလေးက ချစ်ဖို့ကောင်းနေတယ် တစ်ဆက်တည်းမှာပဲ တည်ကြည်ခန့်ညားနေပြန်တယ်
အခန်းလေးတစ်ခုလုံးက Jkရဲ့ Gameဆော့နေတဲ့အသံက လွဲလို့ ဘာသံမှမကြားရပေ ဒီအချိန်မှာ အိမ်တံခါးကနေပွင့်လာပြီး အရိပ်လေးတစ်ခုပေါ်လာတယ် သေချာကြည့်ရင် ထိုကောင်လေးရဲ့ ခေါင်းကနေ နီရဲနေတဲ့ သွေးတွေစီးကျနေသလို ကြောင်ပေါက်လေးလို မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ အင်ကျီကလည်း ညစ်ပတ်နေတယ်
အခန်းတံခါးကပွင့်လာပေမယ့် Gameဆော့နေတဲ့ Jkကတော့ ဂရုစိုက်ဟန်မပြုပဲ Gameကိုသာ ဆက်ဆော့နေလေရဲ့ ဘယ်သူလဲဆိုတာ သူသိပြီးသားပဲလေ
"နောက်ဆုံးတစ်ခေါက်မေးမယ် မောင် ငါ့ကိုချစ်သေးလား"
တုန်ရီစွာထွက်ပေါ်လာတဲ့ ထိုကောင်လေးရဲ့အသံက အခန်းထဲမှာ ကျယ်လောင်စွာကြားရတယ် Jkကတော့ မော့တောင်မကြည့်ပဲ Gameကိုသာ အကြည့်တွေပို့ထားပြီး တစ်ခွန်းသာပြောလိုက်တယ်
"မချစ်တော့ဘူး"
ပြတ်သားစွာထွက်လာတဲ့ Jkရဲ့စကားနောက်မှာ ထိုကောင်လေးရဲ့ မျက်ဝန်းထဲက မျက်ရည်တစ်စက်ကျလာလေရဲ့ ဝမ်းနည်းကြေကွဲနေမှုတွေ ယူကျုံးမရဖြစ်မှုတွေ ချစ်ခြင်းတရားတွေ ပါဝင်နေတဲ့မျက်လုံးလေးတွေနဲ့ Jkကို တစ်ချက်သာကြည့်ပြီး ထိုကောင်လေးက လှည့်ထွက်သွားခဲ့တယ်
ထိုကောင်လေးထွက်သွားတာကို မသိလိုက်တဲ့ Jkက Gameဆော့မြဲသာ ဆော့နေတယ် ချက်ချင်းဆိုသလို မြည်လာတဲ့ ဖုန်းကလေးကြောင့် ခေါ်ဆိုသူကို ကြည့်လိုက်ပြီး ဖုန်းကိုင်လိုက်တယ်
"ဘာလဲ Jimin ငါအားမနေဘူး"
ခပ်မာမာမေးလိုက်တော့ တစ်ဖက်ကထွက်လာတဲ့ Jiminရဲ့အသံက ခပ်စွာစွာ
YOU ARE READING
Bottom Yoongi (One Shots)