Unicode
လူတစ်ယောက် သေဆုံးသွားတဲ့အခါ သင်ဘာလုပ်မလဲ?
အဲ့ဒီလူက သင်သိပ်ချစ်ရတဲ့လူ ဖြစ်နေမယ်ဆိုရင်ရော?
ငိုကြွေးမှာလား?
ယူကျုံးမရဖြစ်မှာလား?
ဝမ်းနည်းပူဆွေးမှာလား?
လွမ်းနေမှာလား?
နောက်ဆုံး ထိုလူ့အနောက်ကိုပဲ လိုက်သွားမလား?
သင်သာဆိုရင် ဘယ်လိုလုပ်မလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~
လောကကြီးက သိပ်ရက်စက်တယ် ကျွန်တော်ဆိုတာက ဘယ်သူ့ကိုမှမယုံကြည်လို့ အချစ်ဆိုတဲ့အရာကိုလည်း လျစ်လျူရှုပြီး မာနကြီးတယ်ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ နေသားကျနေပြီးသား လူတစ်ယောက်
သူနဲ့မတွေ့ခင် အချိန်ထိပေါ့......
.
.
.
.
.
.
.
.
.
.
.
အိပ်ယာထနောက်ကျတတ်တဲ့ကျွန်တော်က ဒီနေ့လည်းနောက်ကျတာ မဆန်းပါ မနက်ပိုင်း အလုပ်မှမရှိဘဲကိုသေးငယ်လွန်းတဲ့ ကျွန်တော့်ရဲ့အခန်းလေး ဟိုအရင်တစ်ချိန်ကတော့ ဒီ့ထက်နှစ်ဆမကကျယ်တဲ့ အခန်းမှာနေခဲ့ရပေမယ့် အခုအခြေအနေက လုံးဝကိုမတူတော့ပါ
ဘိုးနဲ့ဘွားရှိစဥ်တုန်းက ဘာအလုပ်မလုပ်ဘဲ ထိုင်စားခဲ့ကြတဲ့ ကျွန်တော့်မိဘတွေက ဘိုးတို့ဆုံးတော့ ဘာမှမလုပ်တတ်ပါ
မဆုံးခင် ကျွန်တော်နဲ့တွေ့ပြီး မှာခဲ့တဲ့ ဖိုးရဲ့စကားက ကိုယ့်အားကိုယ်ကိုးပါ မြေးရယ်တဲ့
ငယ်သေးတဲ့ကျွန်တော်က အဲ့အချိန်က ဖိုးရဲ့စကားကို နားမလည်ခဲ့ဘူး ဒါပေမယ့် လွန်ခဲ့တဲ့ငါးနှစ်က ပြောခဲ့တဲ့ ဖိုးရဲ့စကားကို အခုချိန်ထိမှတ်မိနေသေးတယ်
အခုကျွန်တော့်အသက် ၁၈နှစ် သာမန်လူတစ်ယောက်အတွက် ဒါကအရွယ်ရောက်ခါစလို့ ပြောနိုင်ပေမယ့် ကျွန်တော်က အသက်၁၅နှစ်ထဲက ကိုယ့်ဝမ်းကိုယ် ကျောင်းခဲ့ရပြီးပြီ
လူတွေကလောဘကြီးလာတဲ့အခါ မစဥ်းစားမဆင်ခြင်နိုင်တော့ဘူးတဲ့ ဒီစကားမှန်မှန်း ကျွန်တော်အခု လက်တွေ့တွေ့လိုက်ရပြီ
YOU ARE READING
Bottom Yoongi (One Shots)