Unicode
ကျွန်တော်အခု Hyungရဲ့ မင်ဂလာဆောင်ခန်းမကို ရောက်နေတာ Jiminieနဲ့အတူပေါ့ ရယ်ရသားနော် ကိုယ်ချစ်ရသူရဲ့ မင်ဂလာဆောင်မှာ ပြုံးပြုံးလေးနဲ့ လာထိုင်နေရတာ ကျွန်တော့်အတွက် အရမ်းပင်ပန်းတယ်
ဒီပွဲကို သေချာပေါက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ ကျွန်တော်က အခုဘာလို့ ဒီနေရာမှာ ဟန်ဆောင်ပြုံးလေး ပန်ဆင်ပြီး လာထိုင်နေရလဲဆိုတာ ခင်ဗျားတို့သိချင်လား
လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဖုန်းဆီကို ရောက်လာတဲ့ Messageတစ်ခုကြောင့် ကျွန်တော်အံ့ဩသွားခဲ့တယ် Messageပို့တဲ့သူက Hyungဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီလောက်အံ့ဩမှာမဟုတ်ပေမယ့် အခုပို့လာတဲ့သူက Hyungနဲ့စေ့စပ်ထားတဲ့သူ တစ်နည်းအားဖြင့် Hyungချစ်ရသူ Yuri Noonaပင်
ပို့ထားတာက ကျွန်တော်နဲ့တွေဖို့ ချိန်းတာပင် စစဦးဆုံးတော့ ကျွန်တော်ကြောင်သွားမိတယ် ကျွန်တော်နဲ့ Yuri Noonaနဲ့က သိပ်ကိုခင်တဲ့ မောင်နှမဆက်ဆံရေးတစ်ခုပါ ငယ်စဥ်ကတည်းက အလုပ်တွေနဲ့သာ နပန်းလုံးနေတတ်တဲ့ မိဘတွေကြောင့် မေတ္တာငတ်ခဲ့ရတဲ့ ကျွန်တော့်ကို မိခင်မေတ္တာဆိုတာမျိုး အပြည့်အဝမပေးနိုင်ခဲ့ပေမယ့် အစ်မတစ်ယောက်လိုမျိုး ကျွန်တော့်ကို စောင့်ရှောက်ခဲ့တာ
နောက်ပိုင်း ပညာတော်သင်အတွက် နိုင်ငံခြားကို ထွက်သွားရာကနေ မတွေ့ရတော့ပေမယ့် အဆက်အသွယ်တော့ မပျက်ခဲ့ပါ Noonaက သူမရှိတဲ့ အချိန်တွေမှာ ကျွန်တော့်ကို နေ့တိုင်းဖုန်းဆက်ပြီး အဆင်ပြေကြောင်းမေးတယ် ကျွန်တော်ကလည်း အားလုံးကို ပြောပြတယ်
Hyungနဲ့ပတ်သတ်ပြီး ခံစားချက်တွေကိုပါ ရင်ဖွင့်ခဲ့သေးတာ Hyungနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ မေးတော့ အကြောင်းစုံပြောပြလိုက်ချိန် ဒေါသတကြီးကျွန်တော့်ကို ဆူပူခဲ့ပြီး ချက်ချင်းပြန်လာမယ် လုပ်နေတာကြောင့် မနည်းတားခဲ့ရသေးတာ
Noonaကလည်း သူ့ကို သူမမိဘတွေက အိမ်ထောင်ချဖို့ စီစဥ်နေကြောင်းပြောတော့ ကျွန်တော်Noonaကို နှမြောခဲ့ပါသေးတယ် Noonaနဲ့ လက်ထပ်ရမယ့်သူက Noonaကို ဖွင့်ပြောထားပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော့်ကိုအမြဲတိုင်ပင်တတ်တယ် Noonaကလည်း ထိုအမျိုးသားကို စိတ်ဝင်စားနေကြောင်း ပြောပြလာတော့ Noonaကို လက်ခံလိုက်ဖို့ ကျွန်တော်ပြောခဲ့ပါသေးတယ်
YOU ARE READING
Bottom Yoongi (One Shots)