Unicode
လှပလွန်းတဲ့ ညနေခင်းတစ်ခု
ဒေစီပန်းခင်းရဲ့ အလယ်မှာ ကောင်လေးတစ်ယောက်က
ဓာတ်ပုံလေးတစ်ပုံ ပိုက်ပြီး ရပ်နေလေရဲ့။
အဝေးကကြည့်ရင် ငယ်တယ်ထင်ရပေမယ့်
တကယ်တော့ ထိုကောင်လေးက အသက်နှစ်ဆယ်ကျော်လို့ သုံးဆယ်နားနီးနေလေပြီ။ဦးတည်ရာမရှိပဲ လေဟာနယ်ထဲကိုပဲ ငေးကြည့်နေပြီး
ပါးပြင်နှစ်ဖက်ပေါ်မှာ မျက်ရည်စီးကြောင်းလေးတွေနဲ့
မျက်ဝန်းငယ်တွေက ဝမ်းနည်းရိပ်သန်းနေပေမယ့်
နှုတ်ခမ်းပါးလေးကတော့ ပြုံးနေလေရဲ့။ထိုလူရွယ်က ဒေစီပန်းလေးတစ်ခုကို ခူးလိုက်ပြီး အမြတ်တနိုး နမ်းရှိုက်လေတယ်။
တယုတယနဲ့ မြတ်မြတ်နိုးနိုး ကိုင်ထားတာကိုကြည့်ခြင်းဖြင့် ဒေစီပန်းကို မြတ်နိုးလွန်းမှန်း သိသာလှတယ်။"ငါ့အကြိုက်ဆုံးပန်းက ဒေစီပန်းလေ မင်း ဒေစီပန်းရဲ့ အဓိပ္ပါယ်ကို သိရဲ့လား"
တစ်ယောက်တည်းပြောနေတဲ့ စကားလုံးတွေရဲ့နောက်မှာ
မမှတ်မိချင်တော့တဲ့ အတိတ်တွေဆီသို့ အလည်သွားမိပြန်တယ်။
တစ်ချိန်တည်းမှာပဲ အဲ့ဒီမှတ်ဉာဏ်တွေသာ ပျောက်ပျက်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိသေးတယ်။ဒါပေမယ့် ဒီမှတ်ဉာဏ်တွေကပဲ အမှတ်တရတွေမို့ နာကျင်မှန်းသိရက်နဲ့ ဆုပ်ကိုင်ထားခဲ့သေးတာ။
အတွေးတွေက လွန်ခဲ့တဲ့ 10နှစ်ဆီသို့....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဆယ်ကျော်သက်လေးတွေအတွက်
ပျော်ရွှင်စရာနေရာတစ်ခုဖြစ်တဲ့
တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်အတွင်းမှာ
ကျောင်းသားများစွာက ရယ်မောပျော်ရွင်လို့ရယ်။အထက်တန်းတုန်းကလိုမဟုတ်ဘဲ
လွတ်လပ်စွာ နေလို့ရပြီဖြစ်တဲ့အတွက်
အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့။ကျောင်းဖွင့်တာ တစ်ပါတ်လောက်ရှိပြီဆိုပေမယ့်
အဝင်အထွက်မငြိမ်သေးတော့ လူတွေကအများအပြားရယ်။
သူငယ်ချင်းအသစ်တွေ ဆရာ/ဆရာမအသစ်တွေ
သင်ခန်းစာအသစ်တွေ အတွေ့အကြုံအသစ်တွေနဲ့
ထိတွေရမှာမို့လို့ အားလုံးက
စိတ်လှုပ်ရှားပျော်ရွှင်နေကြတာပင်။
YOU ARE READING
Bottom Yoongi (One Shots)