Unicode
ချစ်ဖို့ကောင်းတဲ့ ARMYလေးတွေနဲ့ ပြည့်နေတဲ့ Purple Oceanက အရမ်းကိုလှတယ် အင်း... Purple Oceanကြီးကိုကြည့်နေတဲ့ ကျွန်တော့်ရဲ့ လမင်းလေးက ပိုလှတယ်
အရယ်အပြုံးနည်းတယ်လို့ လူအများကပြောကြတဲ့ လမင်းလေးက ဒီလိုမျိုးလေးလည်း အလှပဆုံးပြုံးတတ်ပါတယ် အနေအေးတဲ့ လမင်းလေးက ကျွန်တော့်ရှေ့မှာဆိုရင် စကားများတတ်တဲ့ သာလိကာပေါက်လေး ဖြစ်သွားတတ်တယ်
လမင်းလေးကို ပြုံးရင်းနဲ့ပဲ ငေးကြည့်နေတဲ့ ကျွန်တော့်ကို Memberတွေမြင်ရင် မေတ္တာပို့ကြဦးမယ်ဆိုတာ မေးစရာမလိုပေ အလကားကောင်တွေ သူများချစ်သူရှိတာကို မနာလိုကျတဲ့ကောင်တွေ အင်းလေ အဖွဲ့ထဲမှာလဲ ကျွန်တော်နဲ့ လမင်းလေးသာလျှင် ချစ်သူတွေကိုး ကျန်တဲ့ကောင်တွေကတော့ နှစ်တစ်ထောင် FA တွေပဲလေ
Concert ကြီးပြီးသွားတော့ အကုန်လုံး နားနေခန်းထဲမှာ နားနေကြတယ် အားလုံးလဲ ပင်ပန်းနေကြပြီး ကျွန်တော်ဆို ခေါင်းမထောင်နိုင်တော့တဲ့ အထိပဲ အဝတ်အစားတွေလဲပြီးတော့ ကျွန်တော်တို့အားလုံး အိမ်ကိုပြန်လာခဲ့ကြတယ်
အကြီးဆုံးဖြစ်တဲ့ ကျွန်တော်က အကြီးပီသစွာနဲ့ ကားမောင်းရတယ် ဘေးနားက Lover Seatမှာတော့ ကျွန်တော့်ရဲ့ နှစ်ယောက်မရှိတဲ့ လမင်းလေးက နေရာယူတယ် ပင်ပန်းနေတာတောင် ကျွန်တော့်လက်ကို ကိုင်ပြီးမှေးနေတဲ့ လမင်းလေးက အရမ်းအရမ်းကို ချစ်ဖို့ကောင်းတာပဲ
တစ်ယောက်နဲ့ တစ်ယောက် လက်ချင်းဆုပ်ကိုင်တာကို မြင်တဲ့ကျေးဇူးရှင်လေးတွေက မျက်နှာကို မဲ့ရွဲ့ထားကြပြီး
"ပင်ပန်းရတဲ့ကြားထဲ သူတို့က လာRoနေသေးတယ်"
"ဟုတ်ပါ့ Jiminရာ အဲ့ဒါကြောင့် ငါRSတွေကို ကြည့်မရတာ"
"အိမ်ရောက်တာတောင် မစောင့်နိုင်ကြဘူးလားဗျာ"
"ဒါက RSတွေရဲ့ အကျင့်မကောင်းမှုတွေလို့ခေါ်တယ် Jungkookieရဲ့ တကယ်ကို မျက်စိနောက်စရာတွေ"
(ပြောပစ်လိုက်ပါ Hobiရယ် အမြင်ကတ်ဖို့ကောင်းလွန်းတယ်😒)
"လမ်းလေးတော့ ကြည့်မောင်းပါHyungရယ် ကျွန်တော်တို့ အိမ်ပြန်ရောက်ချင်သေးတယ်နော်"
YOU ARE READING
Bottom Yoongi (One Shots)