Villain🐯🐱🐥 (TaeGiMin)

2.2K 98 12
                                    

Unicode

ခင်ဗျားတို့ ဗီလိန်ဆိုတဲ့ စကားလုံးကို ဘယ်လိုမြင်ကြလဲ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်ဆိုတဲ့ မင်းသား မင်းသမီးအပြင် ဇာတ်ပို့ဆိုတဲ့ ဗီလိန်ဇာတ်ကောင်ဟာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကြရတယ်

ဗီလိန်ဆိုတဲ့ ဇာတ်ကောင်မပါရင် ဇာတ်လမ်းက ဘယ်စိတ်ဝင်စားဖို့ ကောင်းတော့မလဲ ဒါပေမယ့် ပရိသတ်တွေက ဗိလိန်တွေကိုမုန်းကြတယ် ဗီလိန်တွေမှာလည်း သူတို့အကြောင်းနဲ့ သူတို့ပါ

ကိုယ်ရေးတဲ့ ကိုယ့်ဘဝဆိုတဲ့ ဇာတ်လမ်းကြီးမှာ ကိုယ်ကိုယ်တိုင်က မင်းသားမင်းသမီးတွေ ဖြစ်နိုင်ပေမယ့် တစ်ခြားသူတွေရဲ့ ဘဝဆိုတဲ့ သူတို့ဇာတ်လမ်းမှာ ကိုယ်ကိုတိုင်လည်း ဗီလိန်တစ်ယောက် ဖြစ်နေနိုင်တယ်

ဒါကြောင့် ဗီလိန်တွေရဲ့ အကြောင်းကိုမသိပဲ မမုန်းသင့်ဘူး ဖြစ်နိုင်ရင် သူတို့တွေရဲ့ ရင်ထဲကို ဝင်ကြည့်ကြည့်ပါ ခင်ဗျားတို့ မမြင်ဖူးတဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်

"မင်းဘာတွေ လျှောက်လုပ်နေတာလဲ Min Yoongi!!?"

"Min Yoongi ဟုတ်လား အရင်ကလို Giလေးလို့ ခေါ်ဦးလေ"

"Giလေး မင်းဘာတွေဖြစ်နေတာလဲကွာ"

"ကျွန်တော်လား ကျွန်တော်ကHyungကို ချစ်တာလေ Hyungကိုအရမ်းချစ်တာ"

ဟုတ်ပါတယ် ကျွန်တော့်ရှေ့က ကျွန်တော်သိပ်ချစ်ရတဲ့သူရဲ့နာမည်က Kim Taehyungတဲ့ ကျွန်တော် Hyungကို သိပ်ချစ်တယ် ကျွန်တော့်တစ်ဘဝလုံးစာနဲ့ ကျွန်တော့်အသက်နဲ့ရင်းပြီးတော့ကို ချစ်ရတာ

"တော်စမ်း Min Yoongi!! ငါတို့က မဖြစ်နိုင်ဘူးလို့"

"ဘာတွေက မဖြစ်နိုင်တာလဲ ဘာတွေက တားဆီးနေလို့လဲ ယောကျ်ားချင်းမို့လို့လား ဒီခေတ်မှာ ဒါတွေကဖြစ်နိုင်ပါတယ် Hyungရဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူးလေ"

"မဟုတ်ဘူး Yoongi ငါခေတ်ပညာတတ်လူတစ်ယောက်ပါ ငါအဲ့လောက်ထိ အယူမသီးဘူး တစ်ခုပဲ"

"ဘာလဲ"

"..........."

"ဘာလဲလို့!!"

Bottom Yoongi (One Shots)Where stories live. Discover now