Unicode"MIN YOONGI! MIN YOONGI!"
ဆိုတဲ့ Magicကျောင်းရဲ့ Youthအသင်းခေါင်းဆောင်ကို အားပေးသံနဲ့အတူ Basket Ballကွင်းရဲ့ အလယ်မှာ Basket Ballကိုကိုင်ပြီး ရပ်နေတဲ့လူသားတစ်ဦး
သူ့အရှေ့က လူနှစ်ယောက်ကို ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်တော့ ကွင်းထဲက လူတွေရဲ့ အားပေးသံတွေက ပိုကျယ်လောင်လာတယ်
အားပေးသံတွေကို ကြားတဲ့ ထိုကောင်လေးက သူ့မူပိုင် အပြုံးလေး ပြုံးလိုက်ပြီးတာနဲ့ မျက်နှာကိုပြန်တည်လိုက်တယ် အသက်ကိုဝဝရှူလိုက်ပြီး တစ်ချက်ခုန်လိုက်ကာ လက်ထဲက ဘောလုံးကို ခြင်းထဲကို ပစ်ထည့်
လိုက်တယ်အားလုံးက အနှေးပြကွက်နဲ့ ပြနေသလိုမျိုး ဘောလုံးခြင်းထဲ ဝင်သွားတဲ့အချိန်မှာ Youthတစ်ကျောင်းလုံးရဲ့ အော်ဟစ်သံတွေက ကျယ်လောင်စွာ
"ရေးးး ဒါမှ ငါတို့ Min Yoongiကွ!"
"ဒီလောက်နဲ့ တက်မလာနဲ့ကွ!!"
"ငါတို့ကျောင်းကို အနိုင်ရဖို့ Min Yoongiကို အရင်ကျော်ဦးကွ"
"ဘယ်ကျောင်းကမှ ငါတို့ Magicကျောင်းကိုမနိုင်ဘူးကွ!!"
"Youthက အတော်ဆုံးပဲကွ!"
စတဲ့ အသံတွေနဲ့အတူ ထို Min Yoongiဆိုတဲ့ ကောင်လေးက တစ်ဖက်အသင်းကို မျက်ခုံးတစ်ချက်ပင့်ပြီး ခေါင်းလေးစောင်းပြလိုက်တယ် ပါးစပ်ကလဲ နှုတ်ခမ်းလှုပ်ရုံမျှ ပြောလိုက်တဲ့ စကားက
*LOSER*တဲ့
ရှုံးသွားလို့ မကျေမနပ်ဖြစ်နေတဲ့ တစ်ဖက်ကျောင်းဖြစ်တဲ့ Lionအသင်းက အသင်းခေါင်းဆောင်က Yoongiကို ဆွဲထိုးလိုက်တော့ Youthအသင်းသားတွေက Lionအသင်းခေါင်းဆောင်ကို ဝိုင်းထိုးကြရော အဲ့အခါ တစ်ဖက်ကျောင်းက အသင်းသားတွေရော ကျောင်းသားတွေရော ရန်ပွဲထဲဝင်လာတာကို တွေ့တော့ ပွဲကြည့်နေကြတဲ့ Magicကျောင်းသားတွေကပါ ရန်ပွဲထဲဝင်လာကြတယ်
"အားလုံးတော်ကြတော့!!"
Magicကျောင်းရဲ့ ကျောင်းအုပ်က အော်ပြောလိုက်တော့မှ ရန်ပွဲကရပ်သွားတယ် Magicကျောင်းအုပ်က တစ်ဖက်ကျောင်းကကျောင်းအုပ်ကိုကြည့်ပြီး
YOU ARE READING
Bottom Yoongi (One Shots)