Happy Ending 🐨🐱(Namgi)

867 56 53
                                    

Unicode

အခုဘယ်လိုလုပ်ကြမလဲ ကျွန်တော်အစကတည်းက သတ္တိမကြောင်ပဲ Yoonကိုဖွင့်ပြောခဲ့ရမှာ အခုတော့ ကျွန်တော်ချစ်တဲ့ Yoonကိုမပိုင်ဆိုင်ရတော့သလို ကျွန်တော်မချစ်တဲ့သူနဲ့ လက်တွဲရတော့မယ် အား....ကျွန်တော်ဘယ်လိုလုပ်ရမလဲ

အခုပြဿနာကို ခင်ဗျားတို့အားလုံးသိချင်နေမှာပေါ့ ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်မယ် ကျွန်တော့်နာမည် Kim Namjoon ကျောင်းရဲ့ Kingတစ်ယောက် ဘက်စုံထူးချွန်ပြီး ရုပ်ရည်ကလဲ ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေတာကြောင့် မိန်ကလေးတွေဆိုတာ ကျွန်တော့်အနားမှာ ဝိုင်းဝိုင်းလည်နေတာပင်

ဒီလိုမျိုး ဘက်စုံထူးချွန်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေတဲ့ ကျွန်တော့်လိုလူဆီမှာ အူကြောင်ကြောင်နိုင်တဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိတယ် သူ့နာမည်က Min Yoongiတဲ့ ကျွန်တော်နဲ့ယှဥ်ရင် သိသိသာသာပုပြီး သိသိသာသာသေးကွေးတဲ့သူက အကောင်သေးသလောက် ဒေါသကလဲကြီးပါတယ်

စာအုပ်ထဲကိုခေါင်းစိုက်ထားတတ်ပြီး ပါဝါများတဲ့ ပုလင်းဖင်မျက်မှန်ကြီးကိုတတ်တတ်တဲ့သူက တစ်ကျောင်းလုံးရဲ့ စာကြမ်းပိုးလေး ကျွန်တော့်တို့နှစ်ယောက်က ကျောင်းမှာအထူးအဆန်းဆုံး သူငယ်ချင်းတွေပါ

ဟုတ်တယ်လေ တစ်ယောက်က ခန္ဓာကိုယ်ကြီးကြီး ကျောင်းရဲ့ Kingဖြစ်ပြီး စာဆိုဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်တဲ့သူ နောက်တစ်ယောက်က စာမှစာဖြစ်နေပြီး သေးကွေးလိုက်တာမှ တော်တော်ကိုသေးတာ အဲ့တော့မထူးဆန်းဘဲနေမလားဗျာ

ကျွန်တော်တို့နှစ်ယောက်က မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတဲ့ သူတွေပေါ့ဗျာ မျက်နှာချင်းဆိုင်ရင် ဘယ်တော့မှ အကောင်းပြောတယ်ဆိုတာမရှိပေမယ့် မတွေ့ရရင်လဲ လိုက်ရှာနေတတ်တဲ့သူတွေပါ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိပြီး ဘယ်သူ့အပေါ်မှ လျှို့ဝှက်ချက်တွေမထားခဲ့ကြ

ဒါပေမယ့် ကျွန်တော်ကတော့ ထားခဲ့တယ်ဆိုရမလား ကျွန်တော့်မှာ Yoon မသိတဲ့ လျှို့ဝှက်ချက်ရှိခဲ့တယ် အဲ့တာကတော့ တစ်ကျောင်းလုံးရဲ့ Kingဖြစ်ပြီး မိန်းကလေးတွေကို စိတ်ကြိုက်ကစားနေတဲ့ကျွန်တော်က Yoonကိုတိတ်တခိုးချစ်နေခဲ့တာပဲ ကျွန်တော်ဖွင့်ပြောဖို့ကို အကြိမ်ကြိမ်ကြိုးစားခဲ့တယ်

Bottom Yoongi (One Shots)Where stories live. Discover now