"အ့!"
"ဘယ်လိုဖြစ်နေတာလဲ လူတစ်ယောက်လုံး လာနေတာတောင်မမြင်ဘူးလား"
KS တကယ်သူ့အရှေ့က မိန်းမကြီးကို စိတ်ရှိတိုင်းသာဆိုအမှုန့်ချေနေလောက်ပြီဖြစ်သည်။ ထိုမိန်းမကပင်သူ့ကိုလာတိုက်တာလေ။အဲ့တာကိုများသူ့ကိုလာအော်နေတာ။
ဒါပေမဲ့အပြင်မှာတော့ ဘာမှပြန်မလုပ်လိုက်။ အဓိကက ဒယ်ဒီ့ရဲ့ Companyမှာပြဿနာမဖြစ်ေစချင်လို့ပါ။(ဒယ်ဒီပတ်ကြီးပါနော်)
ဒီနေ့သူဒယ်ဒီဆီ့နေ့လည်စာလာပို့ဖြစ်သည်။ အပြန်မှာကဒီလိုဖြစ်ခဲ့တာပါ။
"တောင်းပန်ရမှာမသိဘူးလား"
သူဘာမှပြန်မပြောလို့ထင်သည်။ ေနာက်ထပ်တစ်ခွန်းထပ်ပြောလာသောထိုမိန်းမ။ ဒီတစ်ခါတော့ Do Kyung Sooတို့မရတော့ပါ။
"ဒီမှာအန်တီကြီး ခင်ဗျားပဲ့လာတိုက်တာလေ တကယ်ဆိုခင်ဗျားတောင်းပန်သင့်တာပါ အခုကမတောင်းပန်တဲ့အပြင် အာလာကျယ်နေရတာလား"
သူ့အသံအနည်းငယ်ကျယ်သွားလို့ တစ်ချို့တွေကွက်ကြည့်ကွက်ကြည့်နဲ့။
ထိုမိန်းမကတော့အန်တီကြီးလို့အခေါ်ခံရလို့ မျက်နှာကပေါက်ကွဲတော့မဲ့ဗုံးတစ်လုံးလို။
"ဘာ! ငါ့ကိုအန်တီကြီးတဲ့လား..နင်...နင်..."
"ဘာတွေဖြစ်နေကြတာလဲ"
အချိန်ကိုက်ရောက်ရှိလာသောဒယ်ဒီ။
"ဒယ်.."
"ဟင့် Chanyeol ဒီကောင်လေးကနင့်ရဿ့ဝန်ထမ်းလား ဆုံးမပေးပါဦး ငါ့ကိုများအန်တီကြီးတဲ့လေ ဟင့်"
သူ့ထက်ဦးစွာဒယ်ဒီကိုတိုင်တန်းနေသောထိုမိန်းမ။ ဒယ်ဒီနဲ့သူမနဲ့က သိနေကြတာလား...
နောက်ပြီးခုနက ဒယ်ဒီသူမကိုမြင်တော့ မျက်နှာပျက်သွားတာတွေ့ရတယ်။ တစ်ခုခုများရှိနေမလား သူတို့ကြားမှာ...
"သိ..သိနေကြတာလား.."
တကယ်ဆိုဒီမေးခွန်းကို သူမမေးမိခဲ့ရင်ကောင်းမယ် ။ ထွက်လာတဲ့အဖြေက ထိုမိန်းမပါးစပ်ကနေပါပဲ့..
"အော်မသိဘူးလား တို့က Chanရဲ့ အချစ်ဦးလေ.."
ဒယ်ဒီ့ကိုကြည့်မိတော့သူ့ကိုမျက်နှာလွှဲထားသည်။ ထိုမိန်းမက လက်လာချိတ်ထားတာကိုလည်းမဖယ်လွှတ်ထား။ ဒီတစ်ခါ သူတကယ်စိတ်တိုမိပါပြီ။