"ဆိုတော့ မင်းက ငါ့ကျောင်းသားကိုစိတ်၀◌င်စားသွားတာပေါ့"
သူငယ်ချင်းရင်းကြီး Sehunကိုအစအဆုံးပြောပြတော့ အံ့အောဟန်သိပ်မပြပေမဲ့ မထိတထိတော့စလိုက်သေးသည်။
"ဆိုပါတော့ နေပါဦးသူက ဘယ်နှစ်ကလဲ"
"အော်...သားကြီးရယ် သူ့နာမည်ကိုမပြောပြဘဲ ငါကဘယ်လိုသိမလဲ"
Sehunပြောမှသူသတိရသည်။ ဟုတ်တာပဲ့ နာမည်ကိုမသိခဲ့လိုက်ဘူး။ နာမည်....နာမည်ဆိုမှ ကျောင်းသားကဒ်ကိုမြင်လိုက်သလိုပဲ့။ဘာလဲသတိရစမ်းပါ။
သူ့အရှေ့က သူ့ကျောင်းသားနာမည်ကိုစဥ်းစားပြီး ခေါင်းငုံ့ခေါင်းခါလုပ်နေသော သူငယ်ချင်းဖြစ်သူကိုကြည့်ကာ Sehunမှာအလိုလိုနေရင်းခေါင်းမူးလာသလိုပင်။
"Do...Do...Kyung..ဘာတဲ့အဲ့နှစ်လုံးပဲ့မြင့လိုက်တာ"
စဉ်းစားရထွက်လာပြီဖြစ်သည်။
"Do Kyung Sooလား."
"မင်းသိနေတယ်မို့လား"
"Chanyeolရယ် Do မျိုးရိုးက အဲ့ကောင်လေးပဲ့ရှိတာလေ Do မျိုးရိုးဆိုမှ အဲ့ကောင်လေးက Youth Company ရဲ့CEO Do ရဲ့သားလေ မင်းသိတယ်မလား Youth Company ရဲ့CEO ကို"
သိတာပေါ့ သူ့ရဲ့အရင်းနှီးရဆုံးမိတ်
ေဆွပင်။ သူ့မိဘတွေရဲ့ သူငယ်ချင်းပေါ့။ အဲ့တာဆို ယောက္ခထီးက သူ့....သူ့မိတ်ဆွေ။ ဘုရားရေကောင်းလိုက်ခြင်း။"ကောင်းလိုက်တာ ရှယ်ပဲ့"
"ဘာတွေကောင်းနေတာလဲ"
"ဒီလိုပါပဲ့ ငါသွားပြီနော်သားကြီး"
"ဟမ် သွားတော့မလို့လား နေပါဦးနင်ကငါ့ဆီကို ငါ့ကျောင်းသားအကြောင်းမေးဖို့ပဲ့ လာတာလား"
သူငယ်ချင်းကြီးပြောမှသူသတိရသည်။ သူအလုပ်ကိစ္စနဲ့လာတာပဲ့ ။ ဒါပေမဲ့လည်းနောက်တစ်ခေါက်မှပေါ့ရပါတယ်။
"အော်ဟုတ်တာပဲ့ အလုပ်ကိစ္စနဲ့လာတာ အခုတော့ ကောင်လေးဘက်အာရုံရောက်သွားတာ နောက်မှပဲ့အလုပ်ကိစ္စအကြောင်းပြောတော့မယ်နော် သွားပြီဟေ့"
"ဟာ..ဟေ့ကောင်..."
အနောက်ကဆဲဆိုသံတွေကိုလစ်လျူရှုခဲ့ပြီး သူလည်းSehun ရဲ့ရုံးခန်းကနေထွက်လာခဲ့လိုက်သည်။ အခုသူဘာဆက်လုပ်ရမလဲဆိုတော့.....သူသိပြီ ယောက္ခထီးကြီးဆီအရင်သွားမည်။ ပြီးရင် သူ့မိဘတွေကိုလည်း ပြန်ပြောပြမည်။ ကောင်းလိုက်ခြင်း။ကောင်လေးရေ ကိုယ်လာပြီနော် စောင့်နေတော့။