Sehun-" Chanyeol မင်းအဲ့လိုကြီးပဲ့ နေနေတော့မှာလား မင်းကလေးကိုမင်းမရှာတော့ဘူးလား"
Xing- " ဟုတ်တယ် Park Chanyeol မင်းက Park မျိုးရိုးနဲ့ကိုမတူတော့ဘူး မင်းဘယ်လိုလုပ်ပြီးနေနိုင်တာလဲ"
ဘယ်သူကရော ကလေးကိုမရှာချင်ဘဲနေမှာလဲ ရှာရလွန်းလို့ မြေတွေအကုန်လှန်ပြီးလည်းရှာနေတာပဲ့လေ ဒါမဲ့ တစ်နှစ်ရှိပြီ။ သူ့ကလေးကိုသူမတွေ့သေးပါ။
ရှိသမျှအစည်းအရုံး အဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ပြီး ရှာနေလည်း Kyung Soo ဆိုတဲ့ ကောင်လေးရဲ့ အစအနကိုတောင်မတွေ့ပေ။ တနေ့တနေ့ သူ့မှာလည်း ကလေးပျောက်နေခဲ့တဲ့ ချောက်ကမ်းပါးနားမှာ အရက်လေးနဲ့ ဖြေသိမ့်နေရသည်။ အဲ့တာကို သူငယ်ချင်းရင်းကြီးနှစ်ယောက်က မြင်ရများလို့ ကြည့်မနိုင်တော့လို့ထင်ပါ့ ထိုသို့ပြောရတဲ့အထိပင်။
"ငါလည်း ဒီလိုဘယ်နေချင်ပါ့မလဲကွာ။ ဒါမဲ့ ငါ့ရဲ့ဖြေသိမ့်ရာက ဒီနေရာလေးနဲ့ ဒီသောက်စရာလေးနဲ့ပါလေ မင်းတို့ငါ့ကိုကိုယ်ချင်းမစာနိုင်ပါဘူးကွာ။"
ထိုသို့ဆိုပြန်သော်လည်း Sehun နဲ့ Yixing မှာ စိတ်မကောင်းဖြစ်ရသည်။ ဟုတ်ပါသည်လေ။ သူငယ်ချင်းသုံးယောက်ရဲ့အချစ်ရေးမှာ Chanyeol တစ်ယောက်သာအဆိုးဆုံးဖြစ်နေလေသည်။ ထိုကြောင့်မလို့ သူတို့သူငယ်ချင်းအတွက် ကိုယ်ချင်းမစာနိုင်ရင်တောင်မှ သောကပူမိပါသည်။
"အော် Park Chanyeol ရာ"
မရည်ရွယ်ဘဲ Yixing နဲ့ Sehun မှာ တစ်ပြိုင်တည်း သက်မောချကာ ပြောဆိုမိလေသည်။
--------------------------------
" ယောင်းဂုလေးရေ ဒီကိုလာ ဘွားဘွားကို ရေညှိလေးတွေလာစိမ်ပေးပါဦး"
"ဟုတ်ဘွားဘွား လာပြီနော်"
ဘွားဘွားpov " တကယ်လိမ္မာလှတဲ့ ငါ့မြေးလေး ပါလား။ မြေးအရင်းမဟုတ်ပေမဲ့လို့ပေါ့။ သူလေးလည်းတစ်ချိန်ကျရင် ဒီအဖွားအိုနားကထပ်ထွက်သွားဦးမှာပဲ့လေ။ သတိတွေပြန်ရခဲ့ရင်ပေါ့......."
"ဘွားဘွား ဘာတွေတွေးနေတာလဲ ယောင်းဂု ခေါ်တာလည်းမထူးဘူး။"
"အော်...အင်း ဘာမှမတွေးပါဘူး မြေးလေးရဲ့ ကဲ ရေညှိလေးတွေစိမ်ကြမယ်နော်"