8(U/Z)

194 28 1
                                    

ဒီနေ့ Yixing Companyကအပြန် တစ်နေရာအယောက်သူ့အမြင်အာရုံထဲဝင်လာသော Junနဲ့ Junနောက်ကိုလိုက်နေသောလူတစ်ယောက်..Junကလည်းပြေးတယ် ဟိုလူကလည်းလိုက်တယ်..

ဒါနဲ့Yixingလည်းး သူတို့ဆီအမြန်ရောက်အောင်ကားကိုအရှိန်တင်မောင်းလိုက်တယ် ဒါပေမဲ့သူတို့ဆီမရောက်ခင် Junကခွေလှဲလိူ့နေပြီ။ အနောက်ကလူကလည်းလိုက်တုန်းဆိုတော့ သူလည်းကားပေါ်ကနေအမြန်ပြေးဆင်းကာထိုလူကို ပြန်တိုက်ခိုက်လိုက်သည်။ ဘာအကြောင်းကြောင့် ကောင်လေးအနောက်လိုက်နေသည်ကို ထိုလူ့လက်ထဲက ဆေးနံ့ပြင်းပြင်းပု၀◌ါ ပိုင်းကိုမြင်လိုက်မှ သိလိုက်ရသည်။

ထိုလူကလည်း သူ့ကိုပြန်မခုခဲနိုင်တော့ထွက်ပြေးသွားလေသည်။ ထိုနောက်Junနားသူပြေးသွားသည်။

"Jun..Jun!"

ခေါ်လို့မထလာလေတော့Junကို သူ့ကားပေါ်တင်ပြီး Chanyeolပိုင်တဲ့ ဆေးရုံကိုသာမောင်းသွားလိုက်သည်။

အဆုတ်အားနည်းရောဂါအခံနဲ့ကြောင်းပြေးရင်းအမောလွန်ကာ သတိလစ်သွားရတာဖြစ်ကြောင်းဆရာဝန်ရှင်းမှ Junမှာရောဂါအခံရှိသည်ကိုသိရသည်။

"တကယ်လို့သာပြန်ကုရင်ကောရပါ့မလား.."

"သေသေချာချာ ပြန်ကုစားရင်တော့ ကောင်းလာမှာပါ"

ဆရာဝန်၏ဖြေသံကြောင့်သူတစ်ချက် ကျေနပ်ကာ Junကိုသူကိုယ်တိုင်ဆေးကုပေးရန် တွေးလိုက်သည်။

ဘာလို့သူလိုက်လုပ်ပေးနေမိလည်းသူကိုယ်သူလည်းမသိပါ။ ဒါပေမဲ့လည်း သူလုပ်ပေးမှာပါ ဒီကောင်လေးကို။

.
.
.
.
ပါရဂူကြီး၏သတင်းပေးမှုကြောင့် Chanyeolမှာ ဆေးရုံသို့အမြန်ပြေးလာလိုက်ရသည်။ Yixingရောက်လာတယ်ဆိုတော့ သူ့သူငယ်ချင်းများတစ်ခုခုဖြစ်နေလားလို့စိတ်ပူနေတာ ဘယ်ဟုတ်မလဲ ဒင်းက သူ့ကောင်လေးကိုဆေးရုံလာတင်တာကိုး။

ဒါပေမဲ့ထားပါ။ အဲ့ဒီကောင်လေးက သူ့ဘေဘီလေးရဲ့ ချစ်သူငယ်ချင်းဖြစ်နေလေတော့ သူလည်းမပြောရက်ပေ။

"Yixing နင့်ကောင်လေးဘယ်လိုဖြစ်တာလဲ"

သူ့အမေးကြောင့်ထင် မျက်နှာတစ်ပြင်လုံးပန်းရောင်သန်းလာကာ ထစ်ထစ်ငေါ့ငေါ့ ဖြင့်သူ့ကိုဖြေလာသည်။

💖✨💎SUGAR DADDY✨💎💖Where stories live. Discover now