"ကိုယ်မင်းကိုချစ်တယ်ကောင်လေးရာ"
ဦးလေးကြီးကသူ့ကိုအပြင်သွားဖို့ အိမ်ကမိဘဆီကခွင့်တောင်းပြီး ခေါ်လာတာကပန်းခြံ။ ပြီးတော့ဘာလဲသူအဖွင့်ပြောခံလိုက်ရတာလား။ မျက်နှာပူလိုက်တာ။
"ကိုယ့်ကို စဥ◌်းစားပေးမယ်မလားဟင်"
အခုချိန်မှာ မှန်ရှေ့ပြေးမကြည့်လည်းသိသည်။ သူ့မျက်နှာနီရဲနေမည်ကိုပင်။ Kyung Soo ပြောသလိုပဲ့ သူ့မျက်နှာလေးဟာ ခရမ်းချဥ◌်သီးလိုရဲလို့။
.
သူ့အပြောကိုပြန်မဖြေဘဲ ခေါင်းငုံ့ပြီးရှက်နေသော ကောင်လေးကိုကြည့်ကာ သူ့မှာ အူတွေအသည်းတွေ ကလိကလိကိုယားလို့။ အားးး ပါးစပ်ထဲငုံထားချင်လိုက်တာ။ အခုတော့ ဒီတိုင်းအူယားနေရသည်။
ကောင်လေးကပြန်မဖြေတဲ့အဆုံး Chanyeol မှာ ကောင်လေးရဲ့မျက်နှာလေးကိုဆွဲမော့စေကာ သူ့နဲ့အကြည့်ချင်းဆုံစေလိုက်သည်။ အဲဒါတောင် ခေါင်းကိုအတင်းပြန်ငုံ့ယူနေသောကောင်လေးပါပင်။
"ဟင် ကိုယ့်ကိုပြန်ဖြေပါဦးလေ"
တကယ်တော့ Chanyeol လည်းမတတ်နိုင်တော့လို့ဖွင့်ပြောလိုက်ခြင်းပင်။ အခုရက်ပိုင်းသူတို့ခဏခဏ တွေ့ဖြစ်ပေမဲ့လည်း ဒီကလေးကိုပိုင်ဆိုင်ချင်စိတ်က ထိန်းချုပ်မနိုင်ခဲ့ဘူး။ ကလေးက အရင်ကလောက် သူ့ကိုမစွာတော့ပေ။ သူ့နဲ့လည်းအတော့်ကို ရင်းနှီးလာခဲ့ပြီဖြစ်သည်။ ဒါကြောင့်လည်း ကလေးရဲ့မိဘတွေ.. တစ်နည်းအားဖြင့် သူ့ယောက္ခမကြီးတွေက သူ့ကိုအနောက်ကနေအားပေးနေသည်။ အဲဒါကတော့ တစ်ပိုင်းပေါ့လေ။ အဲလိုအားပေးခံရတဲ့ ခံစားချက်ကို တစ်ကိုယ်တည်းသမားတွေက ဘယ်သိမလဲလေနော်။
" မ...မသိသေးဘူး"
အမလေး နောက်ဆုံးတော့ အသံထွက်လာပြီ။ ဒီတစ်နေ့ပြန်မဖြေတော့ဘူးထင်နေတာ။
"မသိလို့မရဘူးလေကလေးရဲ့ ။ဒါက ကလေးရဲ့ဘ၀နဲ့ဆိုင်တာနော်။"
အခုချိန်မှာ Kyung Soo ဘာပြောရမှန်းတော့မသိပါဘူး။ ဒါပေမဲ့ သူ့စိတ်ကိုလိမ်လို့မရမှန်းတော့သိသည်။ ဘာလို့လဲဆိုတော့သူ့စိတ်က အခုတလော ဦးလေးကြီးနဲ့ရှိရင် ခဏခဏ ဘယ်လိုပြောရမလဲ။ စိတ်ထက်သူ့ရဲ့ ဘယ်ဘက်ရင်ဘတ်က ပေါက်ကွဲမတတ်ပင်။ အဲ့ဒါက ရင်ခုန်တယ်ဆိုရင်တော့ ဟုတ်ပါသည်. သူရင်ခုန်နေပါသည်။ တကယ်လို့ သူအဖြေပြန်ပေးလိုက်ရင်မမှားဘူးမို့လား...