Ans

584 36 2
                                    

စာဖတ်သူလေးတစ်ယောက်လာမေးတာပေါ့နော်

"အဲ့ကလူတွေကမြန်မာစကားပြောတတ်လား"တဲ့။

၁၀ယောက်မှာ ၁ယောက်လောက်ကတော့ပြောတတ်ပါတယ်။
ဘယ်လိုလူတွေလဲဆိုတော့
ဗမာတွေနဲ့အလုပ်တွဲလုပ်တဲ့သူတွေ။

နေး Part-1မှာရေးထားတဲ့
လောပန်းကျန်ရှင်း လိုပေါ့။သူက အပြင်မှာတကယ်ရှိခဲ့ပါတယ်။
တရုတ်ပါ..ဗမာတွေနဲ့ကျောက်လုပ်တဲ့လုပ်ငန်းလုပ်တွေလုပ်တာဆိုတော့ ပြောတတ်ပါတယ်။

ကျောက်ဆိုတာ လမ်းလုပ်တဲ့ကျောက်ကိုပြောတာပါနော်။ဒီဘက်မှာလို ပိုက်ဆံနည်းနည်းပဲရတာမဟုတ်ပါဘူး။ကျောက်ခြင်းအတူတူတောင် ဟိုဘက်ကကျောက်က ဈေးပိုရပါတယ်။
ဥပမာ-ဒီမှာ အလုပ်သမားတွေက ကျောက်တင်၊ကျောက်ချ တစ်နေ့၁၀၀၀၀ဆို ဟိုဘက်မှာက ၃၀၀၀၀,၄၀၀၀၀လောက်ရပါတယ်။

ပြီးတော့ အဲ့မှာက ကိုးကန့်၊ရှမ်း၊ပလောင်လူမျိုးတွေရှိပါတယ်။တောနည်းနည်းဆန်တဲ့နေရာမှာဆိုရင် မှုန့် (ခေါ်) မြောင်ဇီးလူမျိုးတွေတောင်တွေ့ရပါတတ်ပါတယ်။

မြောင်ဇီးဆိုတာ ကိုယ့်ထီးကိုယ့်နန်းနဲ့နေခဲ့ပေမယ့် စစ်ရှုံးပြီးချိန်မှာတော့ တောင်ပေါ်ဒေသတွေကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ လူမျိုးစုပါ။
ဥပမာ- part -1မှာပါတဲ့ တာရွှေထန်ဆိုတဲ့ရွာလိုမျိုးပေါ့။အဲ့ရွာမှာ မြောင်ဇီးလူမျိုးတွေကိုတွေ့ရတတ်ပါတယ်။

ဒါပေမယ့် သူတို့တွေလည်း တရုတ်စကားကိုပဲပြောကြပါတယ်။

အဲ့တာကြောင့် ပြောချင်တာက ဗမာလူမျိုးများနဲ့ ကိုးကန့်လူမျိုးအနည်းစုကလွဲရင် ကိျန်တဲ့လူ‌တွေက တရုတ်လိုပဲပြောကြတာပါ။
ဗမာလူမျိုးတောင် အလုပ်သမားတွေ၊စစ်တပ်က လူတွေက လွဲရင်တစ်ခြားသူတွေမရှိပါဘူး။

အဲ့တာကြောင့် ပြောချင်တာက ဗမာလူမျိုးများနဲ့ ကိုးကန့်လူမျိုးအနည်းစုကလွဲရင် ကိျန်တဲ့လူ‌တွေက တရုတ်လိုပဲပြောကြတာပါ။ဗမာလူမျိုးတောင် အလုပ်သမားတွေ၊စစ်တပ်က လူတွေက လွဲရင်တစ်ခြားသူတွေမရှိပါဘူး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သို့....မာလီပါး  [Complete]Where stories live. Discover now