မီးဖိုခန်းထဲ၌ တပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးသည် ထည့်မည့်သူမရှိသောကြောင့်ပွက်မြဲ၊ပွက်လျက်။
ဆူနေသည်မှာကြာနေပြီဖြစ်သောကြောင့်
ရေက မူလရှိသည့်အမှတ်ကိုတောင်
လေးငါးစိတ်လျော့နေလေပြီ။တကယ်တော့ လူမရှိသောကြောင့်မဟုတ်။
ထိုပွက်နေသောရေနွေးအိုးရှေ့၌ ထိုင်နေသောလူတစ်ယောက်ရှိနေပြီး
ထိုလူသည် ထိုအိုးကိုကြည့်လျက်အတွေးကမ္ဘာထဲရောက်နေပုံရသည်။စားပွဲပေါ်၌လည်း စားကြွင်းစားကျန်ပန်းကန်များက ဟိုတစ်ခွက် ဒီတစ်ခွက်ဖြစ်နေသလို
ပွက်နေသောရေနွေးအိုးဘေး၌လည်း
ထမင်းစေ့များက အစုလိုက် အစုလိုက်။အသိမရှိစွာထိုင်နေသောလူက
လက်ထဲ၌ဆေးလိပ်တစ်လိပ်ကိုင်ထားကာ
ထိုဆေးလိပ်သည်မီးစွဲနေသော်လည်း သောက်သုံးခြင်းမခံရသည့်အတွက် ဆေးလိပ်ပြာနှင့်အငွေ့များက လေနှင့်တလွင့်လွင့်ဖြစ်နေလေသည်။ထိုလောင်ကျွမ်းနေသည့်ဆေးလိပ်က အချိန်ကြာလာတော့ တဖြည်းဖြည်းတိုလာရင်း
ကိုင်ထားသည့်လူ၏ လက်နားသို့ရောက်လာ၏။"အ့!!!"
ထိုအခါမှ ထိုလူသည်အသိစိတ်ဝင်လာကာ
မျက်စိရှေ့၌ ဖြစ်ပျက်နေသည့်အရာများကို မြင်ပုံရသည်။"အာ ရေနွေးအိုးဆူနေပြီပဲ။ထည့်ရအုံးမယ်"
ရေနွေးထည့်ဖို့ပြင်လိုက်ပေမယ့်
အနားမှာထည့်ဖို့ဓာတ်ဘူးကရှိမနေ။
တောင်မြောက်ဝေ့ဝိုက်ရှာလိုက်ကာမှ ဓာတ်ဘူးကရှိသင့်သည့်နေရာမှာရှိမနေဘဲ
တီဗီစင်ပေါ်သို့ရောက်နေ၏။စိတ်ပျက်လက်ပျက် ကျစ်တစ်ချက်သပ်လိုက်ရင်း သွားယူလိုက်ကာ တစ်ဝက်တောင်မရှိတော့သည့်ရေနွေးကိုထည့်လိုက်တော့သည်။
ထို့နောက် ရှုပ်ပွနေသည့်အမှိုက်များကိုရှင်းလင်း၍ အိမ်ရှေ့သို့ပြန်ထွက်လာရင်းဆိုဖာပေါ်ထိုင်၍ တီဗီဖွင့်ထားလိုက်သည်။အရောင်အသွေးအစုံအလင်နှင့်ပြသနေသည့် တီဗီလိုင်းက သူ့အာရုံတွေကိုအပြည့်အဝ
ဖမ်းစားနိုင်ခြင်းမရှိ။"ကိုယ်ပြန်လာခဲ့မယ်။စောင့်နေပေးပါ"တဲ့
သွားခါနီးပြောခဲ့သည့်စကားက ရှင်းရှင်းလေးသာ။
YOU ARE READING
သို့....မာလီပါး [Complete]
No Ficciónတိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော်၏အတွေး ဖြင့် ပုံဖော်ရေးသားမှုသာဖြစ်ပါသည်။ ထို့ကြောင့် သို့...မာလီပါး သည် ဖြစ်ရပ်မှန် ၄၀% ၊ ကျွန်တေ...