(Uni)
အရှေ့မြောက်ဒေသတွင် တောင်ကြီး၊
အင်းလေးနယ်များနှင့်ဆန့်ကျင်စွာ ဘိန်းခင်းများ၊လောင်းကစားများ၊နယ်မြေလုပွဲများနှင့်တိုက်ပွဲများကြောင့် ကျော်ကြားလာခဲ့သည့်ဒေသ...မြန်မာနိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခုထဲမှ တစ်ခုဖြစ်သည့်ဒေသ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
"ကိုးကန့်"ဆိုသည်မှာ တရုတ်ဘာသာစကားအရ "ပြတ်သားရဲရင့်သောလူမျိုး"ဟုအဓိပ္ပာယ်ရလေသည်။
ကိုးကန့်လူမျိုးများသည် ယူနန်နယ်ရှိ
ဟန်တရုတ်များကဲ့သို့
တရုတ်ဘာသာစကား (mandrain)ကို
ပြောဆိုနိုင်ကြသည်။ဟန်တရုတ်များသည်
ကိုးကန့်ဒေသသို့ (၁၇-၁၉)ရာစုအတွင်းပြောင်းရွှေ့နေထိုင်ခဲ့ကြသောကြောင့်
ထိုဒေသ၏လူဦးရေ၁၀၀%တွင်၈၇%မှာ ကိုးကန့်လူမျိုး၊ဟန်တရုတ်များဖြစ်ကြသည်။တရုတ်ပြည်နှင့် မိုင်သုံးဆယ်ကျော်ထိစပ်နေသော ကိုးကန့်ဒေသတွင် တရုတ်ပြည်သို့သွားရန် တရားဝင်နယ်စပ်ဂိတ်နှစ်ခုရှိရာ
လောက်ကိုင်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ရန်လုံကျိုင်းဂိတ်နှင့်
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော
နမ့်ဖာဟော်နယ်စပ် ဂိတ်တို့ဖြစ်သည်။ထိုဒေသ၏ အချက်အချာအကျဆုံးမြို့တော်....
မာလီပါးဟု တစ်ချိန်ကတင်စားခဲ့ကြသည့်မြို့...."လောက်ကိုင်"
လောက်ကိုင်မြို့သည်
ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးနှင့် မိုင်(၁၀၀)ကျော်ခန့်ကွာဝေးပြီး လာရှိုးမြို့ထက်သာလွန်စွာစည်ကားလှသည်။
လောက်ကိုင်မြို့လမ်းမထက်၌သွားလာနေကြသောတရုတ်လူမျိုးများ၊ပတ်ပတ်လည်ရှိသော ဆိုင်ခန်းများ၌လည်း တရုတ်စာများကနေရာယူထားသည်။စကားသံများကလည်း တရုတ်စကားမှလွဲ၍ မည်သည့်ဘာသာစကားသံမှမကြားရ...သုံးစွဲသည့် ပိုက်ဆံများကလည်း တရုတ်ငွေယွမ် သာဖြစ်သည်။
လောက်ကိုင်မြို့၏အဓိကနေရာသည် တုံချိန်
ထိုနေရာသို့ရောက်သွားလျှင်
တရုတ်ပြည်မကြီးရောက်သွားသကဲ့သို့ .....
YOU ARE READING
သို့....မာလီပါး [Complete]
No Ficciónတိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော်၏အတွေး ဖြင့် ပုံဖော်ရေးသားမှုသာဖြစ်ပါသည်။ ထို့ကြောင့် သို့...မာလီပါး သည် ဖြစ်ရပ်မှန် ၄၀% ၊ ကျွန်တေ...