PART - 17 (U/Z)

571 37 5
                                    

[ ဤအခန်းတွင်ပါဝင်သည့် တာရွှေထန်စုံညီပွဲတော်နှင့်ပတ်သက်သည့်အကြောင်းအရာများသည် ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရေးသားထားခြင်းဖြစ်ပါသည်။ အောက်တွင် တာရွှေထန်ရွာနှင့်ပတ်သက်သည့်ပုံများဖော်ပြထားပါသည်။]

ကျယ်လောင်စွာ မြည်ဟီးသွားသည့်တံခါးပိတ်သံအဆုံးမှာတော့
တင်းမာသောမျက်နှာထားနှင့် ရပ်နေသည့်သူက ကြမ်းပြင်သို့ ယိုင်နဲ့စွာလဲကျသွားလေသည်။

ဒီလိုဖြစ်မယ်မှန်းသိသိရက်နဲ့ ကြိုးစားခဲ့တာ သူကိုယ်တိုင်ဖြစ်ပြီး
မကြာခင်ရာထူးတက်တော့မယ့်အတွက်
သူပျော်နေသင့်တာ။

ဒါပေမယ့် အခုသူပျော်မနေဘူး။
သူတကယ် လုံးဝကိုပျော်မနေခဲ့တာ။

"ဟားးဟားး"

ထွက်ပေါ်လာသည့် ရယ်မောသံအဆုံးမှာတော့ မျက်ရည်စက်များက ကြမ်းပြင်သို့ဆင်းသက်ခဲ့လေသည်။

ပြီးသွားခဲ့ပြီ...
အရာအားလုံးကတစ်ကယ်ကိုပြီးသွားခဲ့ပြီ..

ချစ်ရတဲ့သူက သူ့ကိုမုန်းသွားခဲ့ပြီ။
မဟုတ်ဘူး....ခွင့်မလွှတ်ပေးနိုင်တာနဲ့ နာကျည်းချက်ဝင်မိတာတဲ့...

အဲ့လိုအပြောက မုန်းတယ်ဆိုတဲ့စကားထက် ပိုခံစားရတယ်ဆိုတာ အကြင်သူမသိခဲ့လေသလား...ဒါမှမဟုတ် သူခံစားရအောင် တမင်ပြောသွားခဲ့လေသလား......

အရာအားလုံးပျက်စီးကုန်ပြီ...
သူ့စိတ်ထဲမှာကိုယ်က
ရာထူးမက်တဲ့ကောင်...
သစ္စာဖောက်တဲ့ကောင်...
သူ့အချစ်ကိုခုတုံးလုပ်ခဲ့တဲ့ကောင်ဆိုပြီး ထင်သွားခဲ့ပြီ။

တောင်းပန်ပါတယ်ရှင်း.....
ငါတကယ်တောင်းပန်ပါတယ်.....

ရွေးချယ်ခွင့်မရှိတဲ့အခြေအနေတွေမှာ မင်းကိုမရွေးချယ်ခဲ့တဲ့အတွက်။တောင်းပန်ပါတယ်

လျှောက်လမ်းမတူကြတဲ့လူနှစ်ယောက်ရဲ့အဆုံးသတ်ကို မင်းကဆုံးဖြတ်သွားခဲ့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

မင်းရဲ့ချစ်ခြင်းမေတ္တာက ငါ့အတွက်ဖြစ်ပေါ်ခဲ့ပြီးခဏတာဧည့်သည်အနေနဲ့ ငါ့ဘဝမှာ
တစ်စိတ်တစ်ပိုင်းရေစက်လာဆုံပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်တယ်။

သို့....မာလီပါး  [Complete]Where stories live. Discover now