၂၀၁၃ခုနှစ်၊ဒီဇင်ဘာ
စီအော.....
လောက်ကိုင်ရောက်လျှင် လူများအလည်သွားလေ့ရှိကြသည့်နေရာ....
ဘုရားဖူးများဖြင့်အမြဲစည်ကားနေတတ်သည့်နေရာ....
စီအောသည် လောက်ကိုင်မြို့နှင့် အနည်းငယ်ကွာဝေးကာ တောနည်းနည်းကျလေသည်။
လောက်ကိုင်မှ စီအောသို့သွားရာလမ်းတစ်လျှောက်၌လည်း ကိုးကန့်လူမျိုးတို့၏ စိုက်ခင်းမျိုးစုံကိုတွေ့မြင်နိုင်သည်။
အတန်းလိုက်စီတန်းကာ အပင်နိမ့်နိမ့်လေးများဖြင့် အပြွတ်လိုက်သီးနေပါသော စတော်ဘယ်ရီခင်းများ.....
လူတစ်ရပ်စာအရွယ်ဖြင့် သီးနေကြသော ပန်းသီးစိမ်းပင်များ၊မက်မန်းသီးပင်များ၊သလဲသီးပင်များ၊မက်မွန်သီးပင်များ အပြင်
ကြံခင်း၊ပြောင်းဖူးခင်းများကိုလည်း ဘေးနှစ်ဖက်၌တွေ့မြင်နိုင်သည်။ထိုစိုက်ခင်းများနှင့်အတူ ပတ်ဝန်းကျင်တွင်တောင်များပတ်ချာလည်ဝန်းရံထားကာ ထိုတောင်များ၌မြူများရစ်သိုင်းနေသည်ဖြစ်လို့ စီအော၏အလှသည် ပိတ်သားထက်၌ ဆေးခြယ်ထားသည့်ပန်ချီကားတစ်ချပ်နှယ်...
ထိုစီအောသို့သွားရာလမ်းမထက်၌ ပုံမှန်အရှိန်နှင့်သွားနေပါသော တရုတ်ဆိုင်ကယ်တစ်စီး...
ထိုဆိုင်ကယ်ထက်၌ မောင်းနှင်နေသောကောင်လေးသည် ရှေ့သို့သာအာရုံစိုက်လျက် နောက်မှလိုက်ပါလာသည့်ကောင်လေးကတော့ လက်ဖဝါးနှစ်ဖက်ကိုအချင်းချင်းပွတ်သပ်ကာ ပါးစပ်များမှအာငွေ့များမှုတ်ထုတ်၍ အနွေးဓာတ်ရအောင်လုပ်နေလေသည်။
"ရှင်း ဖြည်းဖြည်းမောင်းကွ ချမ်းတယ်"
နောက်မှထိုင်နေသည့်ကောင်လေးကပြောလိုက်တော့ မောင်းနှင်နေသောဆိုင်ကယ်သည် ပုံမှန်အရှိန်ထက် အနည်းငယ်နှေးသွားလေသည်။
မြူများဆိုင်းနေသည်မို့ ပတ်ဝန်းကျင်က ရှင်းရှင်းလင်းလင်းမမြင်ရ။သေချာဂရုစိုက်၍မောင်းနှင်နေရသည်။
ရှားရှားပါးပါးဒီနေ့အလုပ်နားသည်မို့ ရှင်းကို
စီအောသွားကြရအောင် ဟုဆိုကာအတင်းဆွဲခေါ်ခဲ့ခြင်း....
YOU ARE READING
သို့....မာလီပါး [Complete]
Non-Fictionတိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော်၏အတွေး ဖြင့် ပုံဖော်ရေးသားမှုသာဖြစ်ပါသည်။ ထို့ကြောင့် သို့...မာလီပါး သည် ဖြစ်ရပ်မှန် ၄၀% ၊ ကျွန်တေ...