ဖုန်ကြားရှင်ဆိုတာ မာလီပါး၏တည်ထောင်သူ ဖခင်ကြီး..
ဖုန်ကြားရှင်ဆိုတာ မြန်မာအစိုးရကို လက်စားချေဖို့အကြိမ်ကြိမ်ကြုံးဝါးခဲ့သူတစ်ဦး.........
ဖုန်ကြားရှင်ဆိုတာ ကိုးကန့်လူမျိုးများ ရိုသေလေးစားအားကျခဲ့ရသည့် လူတစ်ဦး....
ဖုန်ကြားရှင်ဆိုတာ အသက်အရွယ်ကြီးရင့်၍သေဆုံးခဲ့သည့်တိုင် ကိုးကန့်လူမျိုးများ၊ကိုးကန့်တပ်ဖွဲ့များအပေါ် ဩဇာအာဏာသက်ရောက်ခဲ့သည့်သူတစ်ဦး......
ဖုန်ကြားရှင်ဆိုတာ ၂၀၀၉ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးသဘောတူညီချက်မရသည်ကစပြီး ကိုးကန့်နယ်ကို မြန်မာ့တပ်မတော်မှဝင်စီးပြီးနောက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး မြင်ကွင်းမှပျောက်ကွယ်သွားပြီး ၅နှစ်အကြာမှပြန်လည်ပေါ်ပေါက်လာခဲ့သူတစ်ဦး.....
တရုတ်မျိုးနွယ်အစပ်မှမွေးဖွားလာသော
ဖုန်ကြားရှင်ကို ၁၉၃၁ခုနှစ်တွင် ကိုးကန့်ဒေသ ကျေးရွာလေးတစ်ခုတွင်မွေးဖွားခဲ့ပြီးပြည်တွင်းစစ်အတွင်း ကိုးကန့်တပ်မှူးတစ်ဦးအဖြစ်ကြီးပြင်းလာခဲ့သူဖြစ်သည်။
ဗမာကွန်မြူနစ်ပါတီ(ဗကပ)နှင့်ပူးပေါင်းပြီး
ပီကင်းအထိ သွားရောက်လေ့လာခွင့်ရခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၇၀ခုနှစ် များတွင်တော့ ဘိန်းရာဇာတစ်ဦးဖြစ်လာခဲ့သည်။ယခုလက်ရှိ ကွယ်လွန်သွားပြီဖြစ်သည့်
ဖုန်ကြားရှင်သည် တစ်ချိန်က တပ်မတော်ခေါင်းဆောင်ဟောင်းများနှင့် လက်တွဲခဲ့ပြီး၁၉၉၃ခုနှစ် စစ်အစိုးရက ကျင်းပခဲ့သည့်ညီလာခံကိုတောင်တက်ခွင့်ရခဲ့သည့်သူတစ်ဦးဖြစ်သည်။
မြန်မာ့တပ်မတော်မှ ယခုကွယ်လွန်သွားပြီဖြစ်သည့် ဘိန်းရာဇာဟောင်း ကိုးကန့်နယ်သားလော်စစ်ဟန်ကို မွေးမြူပြီး ကိုးကန့်ဂာာကွယ်ရေးတပ်ကို ဦးဆောင်စေကာ ဗကပ ရန်ကကာကွယ်ရန် အသုံးချခဲ့သလို
ဗကပ ကလည်း ဒေသအတွင်းစစ်ဘုရင် ဖုန်ကြားရှင်ကိုစည်းရုံးပြီး မဆလ အစိုးရကို တိုက်ခိုက်စေခဲ့ပါသည်။
YOU ARE READING
သို့....မာလီပါး [Complete]
No Ficciónတိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော်၏အတွေး ဖြင့် ပုံဖော်ရေးသားမှုသာဖြစ်ပါသည်။ ထို့ကြောင့် သို့...မာလီပါး သည် ဖြစ်ရပ်မှန် ၄၀% ၊ ကျွန်တေ...