"ပြီးသွားတဲ့ အားမိန်တို့က ဒီဘက်ခြမ်းမှာစောင့်ပေးကြပါ။ကျန်တဲ့သူတွေကတော့အဆင်သင့်လုပ်ထားကြနော်"
"ဟုတ်ကဲ့"
စည်ကားသိုက်မြိုက်သောနေရာတစ်ခု၌ ထိုင်သူကထိုင် ထသူကထနှင့် ရှုပ်ယှက်ခတ်နေ၏။
ကြီးမားကျယ်ဝန်းလှသောအခန်းထဲ၌
အယောက်သုံးဆယ်ထက် မနည်းသည့်မိန်းကလေးများထိုင်နေကာ စာရွက်ကိုယ်စီကိုင်ထားကြလေသည်။ထိုမိန်းကလေးများ၏ရှေ့၌မူ
ရာထူးကြီးပိုင်းမှဖြစ်ပုံပေါ်သည့် လူကြီးတစ်ယောက်က ထိုင်နေသည့်လူများကိုကြည့်လိုက်၊ကိုင်ထားသည့် စာရွက်များကိုကြည့်လိုက်လုပ်ကာ အဆင်သင့်စောင့်နေရန်ပြောဆိုပြီး အခန်းတစ်ခုထဲသို့ပြန်ဝင်သွားလေသည်။ကျန်ခဲ့သည့် မိန်းကလေးများကတော့ သူ့အလှည့်ရောက်နိုးနိုး ကိုယ့်အလှည့်ရောက်နိုးနိုးနှင့် စောင့်ဆိုင်းနေကြ၏။
"နံပါတ်၂၅ဝင်မယ်နော်"
"ဟုတ်ကဲ့"
သိပ်မကြာလိုက်ပေ။
နံပါတ်အခေါ်ခံလိုက်ရသည့်မိန်းကလေးက
ထရပ်လိုက်ကာ ကိုယ့်ကိုကိုယ်အားတင်းလိုက်သည့်ပုံစံဖြင့် ပြုံပြုံးရွှင်ရွှင်
အခန်းထဲသို့ဝင်လိုက်သွားတော့သည်။အခန်းထဲတွင်တော့ အမျိုးသားကြီးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိုင်နေကာ ဝင်လာသည့် သူမအား ကြည့်နေ၏။
အနားရောက်သွားသောအခါတွင်မူ Mrs.Lu ဟုနာမည်တပ်ထားသည့် အမျိုးသမီးကပြုံးပြကာ နှုတ်ဆက်လာလေသည်။"လာထိုင်ညီမလေး"
"ဟုတ်ကဲ့"
"လမ်းခရီးချောမွေ့ရဲ့လား"
"ရှင်..."
ထူးဆန်းစွာ အစမရှိအဆုံးမရှိမေးလာသည့် သူမ၏စကားကြောင့် နံပါတ်(၂၅)မိန်းကလေးသည် ကြောင်အသွားကာ သူမအားကြည့်လိုက်မိသည်။ထိုအခါMrs.Luသည် စနောက်သည့်ပုံစံဖြင့် သာမန်ကာလျှံကာ အပြုအမူမျိုးလုပ်ပြကာ အင်တာဗျူးစတင်ရန်ပြင်တော့၏။
"ဟား ဟုတ်ပါပြီ။ထားလိုက်ပါတော့။
ကဲ အင်တာဗျူးလေးစကြရအောင်နော်"
YOU ARE READING
သို့....မာလီပါး [Complete]
Non-Fictionတိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော်၏အတွေး ဖြင့် ပုံဖော်ရေးသားမှုသာဖြစ်ပါသည်။ ထို့ကြောင့် သို့...မာလီပါး သည် ဖြစ်ရပ်မှန် ၄၀% ၊ ကျွန်တေ...