PART - 13 (U/Z)

440 40 18
                                    

(Uni)

"ကော ဆက်ဆက်လာခဲ့ရမယ်နော်"

အိတ်ထဲမှဖိတ်စာတစ်စောင်ကိုထုတ်ပေးလာသည့်အားမိန်သည် လာခဲ့ပါဆိုသည့်စကားကိုသာတတွတ်တွတ်ပြောနေသည်။

မောင်ခန့်ညားဟိန်းနှင့်မနှင်းပွင့်ဖြူတို့၏မင်္ဂလာဧည့်ခံပွဲဟုရေးထိုးထားသည့်‌စာသားများဟာ ဖိတ်စာထိပ်တည့်တည့်မှာခပ်ကြီးကြီးနေရာယူထားသည်။

"ကောဖြစ်အောင်လာခဲ့ပါ့မယ်"

အားမိန်ကိုကြည့်ရင်း ဝမ်းနည်းဝမ်းသာဖြစ်သွားရခြင်းက သူတို့ရဲ့ခင်မင်မှုသံယောဇဉ်ကြောင့်ဖြစ်နိုင်ပါသည်။

"ကောင်လေးကဘယ်ကလဲ"

"လားရှိုးကလေ။သူလည်းဒီမှာအလုပ်လာလုပ်တာ။အဲ့တာနဲ့ပဲတွေ့ကြရင်းကြိုက်ကြတာပေါ့..ဟီးး"

ချစ်စဖွယ်ရယ်ပြလာသည့်မိန်းကလေးဟာ တော်တော်ငယ်သေးသည့်မိန်းကလေး။
ဒီအရွယ်ကို သူများလက်ထဲထည့်ပေးရမှာ
သူ့အနေနဲ့နှမြောစိတ်တို့ဖြစ်မိသား။

"လိမ်လိမ်မာမာနေနော်"

"ဟုတ်ကဲ့ပါကောရဲ့"

"အခုကအလုပ်ထွက်လိုက်ပြီဆိုတော့
ဘာဆက်လုပ်ကြမှာလဲ"

"သူ့မိဘတွေရှိတဲ့လားရှိုးမှာပဲသွားနေဖြစ်ကြမယ်ကောရဲ့။အဲ့မှာနေရင်းနဲ့ပဲ သင့်တော်တဲ့အလုပ်ကို လုပ်ကြည့်ရမှာပေါ့"

"အင်းပါ။တကယ်လို့ဒီကိုပြန်လာချင်တယ်ဆိုရင်လည်း ကောတို့ရှိနေသရွေ့ကတော့ အချိန်ပြည့်ဝဲလ်ကမ်းပါပဲ"

"ကောတို့ရှိနေသရွေ့ဆိုတော့ ကောကဘယ်သွားမှမလို့လဲ"

"ဪ တစ်သက်လုံးတော့ ကျွန်တော်မျိုးလည်းဒီအလုပ်တော့မလုပ်နိုင်ပဲလေ အမတော်ရယ်"

"အဲ့ဆိုကောကိုလွမ်းနေရတော့မှာ"

ခြေဖျားထောက်ကာသူ့ကိုပွေ့ဖက်လာသည့်ကလေးမကြောင့် နွေးထွေးစွာပြန်လည်ပွေ့ဖက်ပေးလိုက်သည်။

"ဖြူ သွားကြရအောင်လေ"

အသိတွေကိုဖိတ်စာလိုက်ပေးနေသည့် ‌
အားမိန်၏ကောင်လေးဖြစ်သူကအနားရောက်လာတာကြောင့် သူတို့လူချင်းခွာလိုက်ကြသည်။

သို့....မာလီပါး  [Complete]Where stories live. Discover now