မနက်ခရီးသွားမယ်ဆိုတာနဲ့ ညဘက် အိပ်မရသူမှာ ရှိန်း ဟိုနှစ်ယောက်ကတော့ ဆင်အော်တာမပြောနဲ့ ဆင်တတ်နင်းတာတောင်မနိုးနိုင်
အန်တီ့ဖုန်းနံပါတ်ကိုသိပေမဲ့ မဆက်ဖြစ် အပြင်မှာဘယ်လောက်ပြောရပါစေ ဖုန်းပြောရင် ကြောင်တောင်တောင်အတတဖြစ်နေတတ်တယ် အန်တီမှမဟုတ် လူတွေအကုန်လုံးကိုပင်
အိပ်မပျော်တော့ facebook ကြည့်နေလိုက်တယ် အန်တီတော့ fb သုံးလောက်မလားမသုံးဘူးလားဆိုတာမသေချာပေမဲ့ ရှာကြည့်ရမည် နာမည်ကလည်း ထူးထူးခြားခြားစဉ်းစားရန်မလိုဘူးလေ အန်တီကသူ့နာမည်အရင်းနဲ့ပဲဖွင့်ထားလောက်တယ်
အန်တီ့နာမည်အရင်းကိုရိုက်ရှာလိုက်တော့..
" Nang Khin Htar Maung " တဲ့ profile က
အန်တီတယောက်ထဲပုံ
ရှမ်းရိုးရာဝတ်စုံလေးနဲ့ ရှမ်းအမျိူးသားနေ့ကိုဂုဏ်ပြုပါသည် ဆိုတဲ့စာသားလေး ရိုးရိုးလေးပြုံးနေတာတောင် တော်တော်လှနေသည်add friend ကိုနှိပ်ရမလား မနှိပ်ရဘူးလား တွေဝေနေသည်မှာ မရှိဘူးဆိုရင်တောင်နာရီဝက်လောက်ရှိသည် ဒါပေမဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ
"ရှိန်း ဟဲ့ နင်မအိပ်သေးဘူးလား ဘယ်အချိန်ရှိပြီလဲ "
တရေးနိုးလာပြီး နာရီကိုလှမ်းကြည့်ရင်း အိပ်မှုန်စုန်ဝါးပြောနေတဲ့ မေဦး
"တနေရာသွားရင်ငါဘယ်တုန်းကအစောကြီးအိပ်ဖူးလို့လဲ "
"အမယ် ဟုတ်သားပဲ ဒါပေမဲ့ အရင်တုန်းကနဲ့မတူဘဲ နည်းနည်းလေးတော့ပိုပြီးစိတ်လှုပ်ရှားတယ်မလား ပြောစမ်းငါ့ကို "
အိပ်နေရာမှထလိုက်ပြီး ကုတင်ကိုမှီရင်းပြောလိုက်သည်
"အယ် မဟုတ်တာနော် အရင်ကနဲ့အခုနဲ့ခံစားချက်အတူတူပဲ "
"မလိမ်ပါနဲ့ ကောင်မရယ် ငါနင့်အကြောင်းသိပါတယ် ဒါပေမဲ့ ငါတခုပြောမယ်"
"ပြော ပြော ဘာပြောမှာလဲ "
"နင်အရမ်းကြီးတော့ မချစ်မိစေနဲ့ တကယ်ဆို ဖြစ်နိုင်တာမှမဟုတ်တာ ဖြစ်နိုင်ရင်တော့ ကောင်းတာပေါ့ "
"နင်စိုးရိမ်တာငါနားလည်ပါတယ်ငါက အန်တီ့ကိုဒီအတိုင်းလေးသဘောကျရုံပါ လူငယ်လိုပဲဖျတ်လက်တတ်ကြွတယ် ပျော်ပျော်နေတယ် အခုထိအရွယ်မကျဘူး အဲ့တာတွေကြောင့်ပါ "
"အေးပါ ကိုယ့်ခံစားချက်ကိုယ်နိုင်ရင်ပြီးတာပါပဲ အိပ်လိုက်တော့နော် မနက်ကျခေါင်းမူးနေဦးမယ် "
"အိပ်မယ်အိပ်မယ် အခုအိပ်ပြီ လာလာဖက်အိပ်ရအောင် "
ပြောရင်း ဖုန်းကိုပိတ်ပြီး မေဦးခါးကိုလှမ်းဖကမလိုက်ရင်းဆွဲလှည့်လိုက်သည် မေဦးကလည်းအမြန်တွန်းထုတ်ရင်း
"အမလေး ကြက်သီးထစရာတွေမလုပ်စမ်းပါနဲ့ ကောင်မရယ် ဟိုမှာဖက်လုံး အဲ့တာကို အန်တီ လို့မှတ်ပြီးဖက်အိပ် သွား "
တံတောင်နဲ့တွတ်ပြီး မေဦးကတော့ ဟိူဘက်လှည့်အိပ်သွားသည်
ရှိန်းကတော့ **မေဦးရေ နင်ပြောသလိုငါ့ခံစားချက်ကိုထိန်းနိုင်ရင်ကောင်းမှာပဲ မရလည်းရအောင်ထိန်းရမယ် **
ဘာလို့ဆို အန်တီဟာ သမီးရင်ထဲက အမြတ်တနိုးနဲ့တကယ်သဘောကျရတဲ့မေတ္တာရပ်ဝန်းလေး မို့လို့ပါ