သက်ြန် အကျနဲ့ အကြတ်ကို နေခြည်နဲ့မေဦးကသာလျှောက်လည်ကြသည် ရှိန်းကတော့ ပျင်းလို့ဆိုပြီး လိုက်မသွားဖြစ် အဆောာင်မှာပဲနေပြိး အန်တီနဲ့ ဖုန်းပြောလိုက် စာအုပ်ဖတ်လိုက် အိပ်လိုက် မုန့်စားလိုက်နဲ့ပဲ.......
သက်ြန်နောက်ဆုံးနေကျတော့ နေခြည်နဲ့မေဦး အတင်းခေါ်လို့လည်းပါတယ် သူကိုယ်တိုင်လည်းလိုက်လည်ချင်တာမို့လို့ အန်တီ့ကိုခွင့်တောင်းရဦးပေမည်..
"အန်တီ သမီးသက်ြန်လည်ချင်လို့လေ အဲ့တာ....."
"လည်လေ ရပါတယ် "
"ဟင် အသံကြီးကတမျိုးပဲ မလည်စေချင်ရင်မလည်ပါဘူး "
"ပုံမှန်ပါပဲ စိတ်ထင်လို့ပါ "
"မဟုတ်ပါဘူး အန်တီရယ် မညာပါနဲ့ မသွားတော့ဘူးနော် "
"သွားပါ သမီးရဲ့ တခါတလေ လည်ရတာပဲ "
"ကြည်ကြည်ဖြူဖြူနဲ့ခွင့်ပြုပေးမှသွားမှာနော်
အန်တီ့သမီးလေးက...""ကြည်ဖြူပါတယ်ကွယ် ..ဘယ်သူတွေနဲ့သွားမှာလဲ "
"နေခြည်နဲ့မေဦး တို့နဲ့ပဲလေ အန်တီ "
"သွားကွယ်....ဂရုစိုက်ဦးနော် ....စောစောအိမ်ပြန် ပြန်ရောက်တာနဲ့ဖုန်းဆက်နော် အရမ်းတိုတာတွေမဝတ်နဲ့နော်ကြားလား သတင်းကြားရင်ငါလိုက်လာမှာ "
"ဟုတ်ကဲ့ အန်တီမကြိုက်တာလုံးဝမလုပ်ဘူး ......"
........
"နင် သက်ြန်လည်မှာလား ဘုန်းကြီးကျောင်းသွားမှာလား "
နေခြည်ကရှိန်းကိုကြည့်ပြီးပြောလိုက်သည် ပြောလည်းပြောချင်စရာ ဝတ်ထားတာက ထဘီနဲ့ရင်စေ့အကျီနဲ့
"သွားပြန်လဲ အတိုမဝတ်ရင်တောင် ဂျင်းဘောင်းဘီနဲ့ တီရှပ်အပွတော့ဝတ်ဟယ် "
"အေးပါ အေးပါ ငါလည်းဘာဝတ်ရမှန်းမသိလို့ ဟီးးး"
"တုံးရင်တော့သူများအပြင် နှစ်ယောက်မရှိဘူး မတူံးရင်တော့ စတော်ဘယ်ရီသီးကိုအန်တီ့နှုတ်ခမ်းကနေစားချင်တယ် ဖြစ်ရော...."
"ဟဲဟဲ....တခါတလေပါ သွားမယ်လေဘာနဲ့သွားမှာလဲ "
"ကားနဲ့လာခေါ်လိမ့်မယ် ရှေ့နှစ်ရက်ကခင်ခဲ့တဲ့သူငယ်ချင်းတွေ "