ရှိန်းကလည်း အန်တီ့ကိုအားနာလို့စကားမပြောရဲ
အန်တီကလည်း မာနကြောင့်မတောင်းပန်ခဲ့
သူတို့စကားမပြောဖြစ်တာ ဒီနေ့နဲ့ဆို တပတ်ပြည့်ပြီ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ရင်း.."သမီး ..."
သူတို့နားနေခန်းထဲကို ဝင်လာတဲ့ အန်တီ တခြားသူများ တာဝန်ကိုယ်စီနဲ့ဆိုတော့ ရှိန်းတယောက်သာကျန်ခဲ့သည်
"ဆရာမကြီး ဘာခိုင်းစရာရှိလို့လဲဟင် "
ရှိန်းက ပြတင်းပေါက်မှန်တံခါးကနေ အပြင်သို့ငေးကြည့်နေရင်း မထင်မှတ်ထားတဲ့ခေါ်သံတခုကြောင့် အနောက်လှည့်ကြည့်မိသည်
"ခိုင်းစရာမရှိပါဘူးကွယ် ဒီမှာ သမီးဗူးလေး အန်တီကိုယ်တိုင်လုပ်ထားတဲ့ ရှမ်းဟင်းထုတ် "
သူမုန့်ပေးခဲ့ဖူးတဲ့ ဗူးလေးကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်
"ဟုတ် ရပါတယ် ဆရာမကြီး ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ် "
အန်တီ့ရှေ့မှာအပြစ်လုပ်ထားတဲ့သူမို့လို့ အန်တီ့ကိုတောင်မကြည့် ခေါင်းကိုငုံ့ရင်းပြောလိုက်သည်
"အန်တီ့ကိုဘာလို့မကြည့်တာလဲ သမီး "
သူ့အနားသို့တဖြေးဖြေးလျှောက်လာသောအန်တီ
"ဟို သမီးမှားထားတဲ့အတွက်ကြောင့်ပါ အန်တီ့ကိုမျက်နှာချင်းမဆိုင်ရဲပါဘူး တောင်းပန်ပါတယ် "
အန်တီကသူ့မေးစေ့လေးကိုကိုင်ပြီးမော့ခိုင်းလိုက်သည် ပြီးတော့ သူ့လက်ကလေးကိုကိုင်ပြီး
" တောင်းပန်ခြင်းဆိုတာ သင်ကမှားနေပြီးတစ်ဖက်လူက
အမြဲမှန်တယ်လို့ မဆိုလိုပါဘူး။တကယ်တော့သင်ဟာ သင့်ရဲ့အတ္တထက်သံယောဇဉ်ကို
တန်ဖိုးထားတယ်လို့ဆိုလိုတာပါ။ကိုယ်ခန္ဓာဆိုတာ ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာကို
သယ်ဆောင်ဖို့အတွက် ယာဉ်ရထားမျှသာဖြစ်တယ် " တဲ့ သမီးရဲ့ ထူးအိမ်သင်ကပြောဖူးတယ် သမီးသိလား အန်တီတောင် ညကမှဖတ်မိတာ ""ဟုတ် သမီးမသိဘူးဆရာမကြီးပြောမှသိတယ် "
"အန်တီက အဲ့စာသားလေးမြင်တော့ အတွေးထဲမှာသမီးပေါ်လာတယ် သမီးတို့သူငယ်ချင်းတွေပြောနေတာ အန်တီအကုန်ကြားပါတယ် အန်တီ့ဘက်ကတောင်းပန်ပါရစေ သမီးလက်ခံပေးပါ "