အပိုင်း ၁၃

2.6K 295 3
                                    

" ဒီဇင်ဘာမို့ မြူနှင်းများဝေ🎶 မူဆယ်ဈေးက ရှမ်းခေါက်ဆွဲလေး 🎶ကျွန်တော်လေသွား စားလို့မဝပါ🎶 ဖော်ရွေတဲ့ရှမ်းမလေးရောင်းနေ ..🎶"

မူဆယ်မြို့နဲ့လိုက်ဖက်အောင်သာယာနာပျော်ဖွယ်ရှိတဲ့ သီချင်းသံက ကြည်နူးစရာလေး

"ဟဲ့ ရှမ်းခေါက်ဆွဲဆိုလို့ ငါတို့ ဈေးမှာတွေ့ခဲ့တဲ့ကောင်မလေး ချစ်ဖို့ကောင်းတယ်နော် နောက်နေ့တွေသူ့ဆိုင်သွားလည်ရအောင် "

"နင်ကလည်း ကြောင်ပြန်ပြီ ဟိုကနင့်ကို လှည့်တောင်မကြည့်ဘူး ရှိန်းကိုပဲကြည့်တာ နော် ဟဲ့ ရှိန်း "

သူတို့နှစ်ယောက်ထဲပြောတာအားမရလို့ အရှေ့မှာထိုင်နေတဲ့ရှိန်းကို စကားပြောရန်လှမ်းညှိလိုက်သည်

"ဘာလဲဟယ် မသိဘူး "

"အချိုးက အချိုးက အေးအေး အဆောင်ရောက်မှတွေ့မယ်နင်နဲ့ "

တိုတိုတုတ်တုတ်သာပြန်ဖြေသော ရှိန်းကို နေခြည်တယောက် ကျိန်းနေပြီ

"ငါကဘာပြောရမှာလဲ တကယ်ပဲ ကူညီလို့မုန့်ပြန်ဝယ်ကျွေးတယ် အဲ့မှာတင်ရပ်လိုက်တော့လေ
ဘာတွေဆက်တွေးနေတာလဲ "

"အမယ် အဆောင်မှာတုန်းက အန်တီ့အကြောင်းတွေပြောတုန်းက နားပေါက်မတတ်နားထောင်ပေးရတာငါတို့ပါ ‌နင်နော် ကျေးဇူးကန်းတဲ့ဟာမ "

"ဟဲ့ ....."

အန်တီ့ကိုအားနာသွားသဖြင့် အနောက်ကိုလှည့်ခါ မပြောနဲ့တော့ဆိုတဲ့ပုံနဲ့ မျက်လုံးတဖက်မှိတ်ပြရင်း ခေါင်းရမ်းပြလိုက်သည်

"ဘာ အခုမှမပြောပါနဲ့လဲ ..အန်တီ အန်တီသိလား သူလေ အန်တီ့အကြောင်းဆို သမီးတို့ကိုလာလာပြောတာ သမီးတို့ပြောတာကြပြန်နားထောင်မပေးဘူး "

ပြောလေ ဆိုးလေ ဖြစ်နေသော မေဦး

အန်တီ့ကိုလှမ်းကြည့်လိုက်တော့ ဘာမှပြန်မပြောဘဲ မျက်နှာ ပြုံးပြုံးကြီးသာလုပ်နေသော အန်တီ

"ဟုတ်လား ဒီကလေးမ အန်တီ့အကြောင်းတွေပြောတယ်ပေါ့ ပြောပါဦးဘာတွေပြောတာလဲ ‌အပေါက်ဆိုးတယ် ဘာညာလား "

"မဟုတ်ပါဘူး အန်တီရဲ့ သမီးကဒီတိုင်း အန်တီနဲ့စကား‌ပြောတယ် အန်တီကချစ်ဖို့ကောင်းတယ် ဘာညာပြောတာပါ "

"သူ့ချည်းသာလော ‌ပေါ်ဦးရေ ..." မေဦးမှ

"မဟုတ်ပါဘူးဘုရား အန်တီ့အကြောင်း ပြောချင်တာရှ်ိရင်အိပ်နေတဲ့လူကိုတောင်အားမနာတမ်းနှိုးပြီးပြောတာပါဘုရား .."

နေခြည်ကလည်းလက်အုပ်ကလေးချီပြီး လျှောက်တင်သည့်ပံုစံလိုက်လုပ်သည်

အနောက်ကနေ နောက်နေသော နှစ်ကောင်ကိုစိတ်ရှိလက်ရှ်ိသာ ဆွဲစောင့်ပစ်ချင်နေတော့သည်

"အန်တီ ..." ရှိန်းမှ

သူ့အားမကြည့်ဘဲ ကားမောင်းရင်းသာ မေးငေ့ပြရင်း ပြောလေ ဆိုသည့်ပုံစံနဲ့

"အန်တီ စိတ်မဆိုးနဲ့နော် သူတို့နှစ်ယောက်ကလေအဲ့လိုပဲ နောက်နေတာ "

"ဟဲ့ နင်နောက်နေတာလားနေခြည်.." မေဦးမှ

"မနောက်ပါဘူး အဖြစ်မှန်ပြောပြယုံလေးကို ဟီးး "

ပြောလေဆိုးလေဖြစ်လာသော နှစ်ကောင်

"စိတ်မဆိုးပါဘူးကွယ် ချစ်တာကစိတ်ဆိုးစရာလား မုန်းတာမှမဟုတ်တာ "

"ဟီးး ဟုတ် အန်တီ စိတ်မဆိုးရင်ပြီးတာပါပဲ အန်တီစိတ်ဆိုးမှာအရမ်းကြောက်တာ "

"ငါတို့နဲ့ဆိုရင်စိတ်ဆိုးရုံမကလို့ ဘာဖြစ်ဖြစ်ပစ်ထားတဲ့သူက အခုမှ .." နေခြည်က

"ကဲ တော်လိုက်တော့နော် မပိတ်ရင် ငါ့လက်သီးနင့်အပေါ်ရောက်လာတော့မယ် "

"ဟုတ်သားပဲ အဲ့လောက်မစပါနဲ့ နေခြည်ရယ် ဖြေးဖြေးချင်စ‌မှပေါ့ ငါတို့အခုမှခရီးစဉ်အစပဲရှိသေးတာကို "

"ဟား ဟား ဟား.. သမီးတို့နဲ့ခရီးသွားရတာပျော်စရာပဲ .."

အန်တီစိတ်ဆိုးသွားမှာကြောက်နေသော်လည်း စိတ်ဆိုးတဲ့အရိပ်အယောင်တော့မပေါ် အေးလေ အန်တီပြောသလိုပဲ
ချစ်တဲ့အကြောင်းပြောတာစိတ်ဆိုးစရာမှမဟုတ်တာ

ငယ်သူမို့ (completed)Where stories live. Discover now