အပိုင်း ၂၇

2.6K 302 25
                                    

ဟုတ်သည် သူလက်မခံချင်လို့မရ သမီးရဲ့လက်မောင်းကိုယောကျာ်းတယောက်ကဆုပ်ကိုင်ထားတယ် သမီးကလည်းအဲ့ယောကျာ်းကိုမော့ကြည့်လို့နေတယ် သမီးကဘာလို့မပြောတာလဲ ဘာလို့ဖုံးကွယ်ထားတာလဲ

ရင်ထဲမှာတော့ အတွေးပေါင်းစုံ

"ဓာတ်ပုံရိုက်ပြစရာမလိုပါဘူး သမီးရယ် အမေနဲ့ဘာဆိုင်လို့တုန်း သူ့ဟသူဘာဖြစ်ဖြစ်လေ သူများကိစ္စဝင်မပါနဲ့သမီးကြီး "

"သမီးကိုမအော်နဲ့ အမေ မယုံမှာစိုးလို့ပါ အမေက အဲ့တယောက်ဆိုအရမ်းအထင်ကြီးတာလေ ကဲ သမီးအပေါ်တတ်တော့မယ်နော် "

*အခုမှပထမအဆင့်ပဲရှ်ိသေးတာမို့လို့ ခံနိုင်အောင်ကြိုးစားထားပါ အမရေ  * လို့စိတ်ထဲကရေရွတ်ပြီး အိမ်ပေါ်သို့တတ်သွားတဲ့ နန်းမှုံ တယောက်

....

ညဘက်ဖုန်းဆက်တော့ အန်တီ့အသံကမသာမယာနဲ့ ‌အိပ်ချင်နေပြီ လို့ပြောပြီး စောစောဖုန်းချသွားသည် လိုင်းလည်းမတတ် မနက်ဖြန်ကျမှမေးရဦးမယ် ဘာတွေစိတ်တိုင်းမကျဖြစ်နေတာလဲ လို့

မနက်ပိုင်းးလည်းမတွေ့ သူ့အခန်းထဲဝင်တော့လည်း ဂျူတီချိန်မို့လို့ထင်သည် မရှိ

" အန်တီ..."

စိတ်ပျက်စွာခေါင်းစိုက် လမ်းလျှောက်နေရင်း round လှည့်နေတဲ့အန်တီ နဲ့ အကွေ့မှာပက်ပင်းတိုးမိသည်

"အော် ဘာကိစ္စရှိလို့လဲ.."

ပြုံးရယ်ခြင်းမရှိတဲ့မျက်နှာထားတဲ့ အန်တီ့ကိုကြောက်မိသည်

"ဟို ဘာကိစ္စမှမရှိပါဘူး "

"အဲ့တာဆို အရှေ့ကဖယ်ပေး အလုပ်တွေရှိတယ် "

သူ့ပုခုံးကိုဘေးတိုက်ပြီး နောက်တောင်လှည့်မကြည့်ဘဲ ထွက်သွားတဲ့ အန်တီ့မှာသူနဲ့ပတ်သတ်ပြီး ကိစ္စတခုခုတော့ရှိနေပြီ

ဒီနေ့ကျမှအလုပ်တွေကလည်းများလိုက်တာ အန်တီနဲ့တွေ့ဖို့မပြောနဲ့ ထိုင်တောင်မထိုင်ရ

ညနေဘက်ကျတော့လည်း သူက night duty နဲ့မို့အန်တီနဲ့မတွေ့ရဘူး ကံကြမ္မာရယ်

သူအဆောင်ပြန်ရောက်တော့ ည ၈နာရီတောင်ထိုးပြီ အန်တီ့ကိုဖုန်းခေါ်တော့လည်းမကိုင် မဖြစ်ချေဘူး ဒီပုံအတိုင်းသာဆို ဒီညအိပ်ပျော်မယ်မထင်

ငယ်သူမို့ (completed)Where stories live. Discover now