အန်တီနဲ့ မူဆယ်ရှုခင်းတွေကိုအတူတူကြည့်ရင်း တောင်တန်းတွေနားရောက်ရင် ကားရပ်ပြီး ဓာတ်ပုံရိုက်လိုက် လမ်းမှာတွေ့သမျှဝင်စားလိုက် ပျော်ဖို့ကောင်းသည်
အခုလည်း တောင်တန်းတွေကြားထဲနေဝင်လုနီးပါးဖြစ်နေသောကြောင့် ရှုခင်းလှတဲ့ restaurant တခုကို အန်တီက ခေါ်သွားသည်
နေလုံးနီနီနဲ့တောင်တန်း အလွန်လှပလို့ နေခြည်တို့ကတော့ ဓာတ်ပုံ တလှည့်စီရိုက်နေကြတယ် အန်တီနဲ့သူကတော့ ဘေးချင်းကပ်ထိုင်လျက် စားနေသည်
အန်တီကနည်းနည်းသောက်တတ်သည် တဲ့
"သမီးတို့မသောက်ဘူးလား အန်တီကဒီရောက်ရင်တခွက်မသောက်ရရင်မနေနိုင်ဘူး "
"သမီးတို့က အရည်နည်းနည်းဝင်တာနဲ့ သွေးဆိုးလာရော ဟဲဟဲ ရှိန်းကတော့မသောက်တတ်ဘူး ရှားပါးလူမျိုးပေါ့ အန်တီရယ် "
"ဟင်း ဟင်း ဟုတ်ပါပြီ သမီးတို့ရယ် အန်တီလည်း စိတ်ပြေလက်ပျောက် တခွက်တလေပါအပြန်ကျရင်တော့ သမီးကားမောင်းလိုက်နော် ဖြစ်တယ်မလား "
ရှိန်းပုခုံးကို အန်တီ့ပုခုံးနဲ့တွန်းလိုက်ရင်းပြောလိုက်သည်
"ဟုတ် ရပါတယ် အန်တီရဲ့ လွတ်လွတ်လပ်လပ်သောက်ပါ ရတယ် "
ရှိန်းစကားကိုပြန်မေပြာဘဲခေါင်းသာငြိမ့်ပြလိုက်သည်
"အန်တီ ဓာတ်ပုံရိုက်မလား သမီးရိုက်ပေးမယ် "
သောက်နေရင်း နေခြည်တို့ကိုလှမ်းကြည့်နေသော အန်တီ့ကိုမေးလိုက်သည်
"အန်တီ့အသက်အရွယ်နဲ့ကွယ် လူတွေရယ်စရာဖြစ်နေမယ် "
"မဖြစ်ပါဘူး အန်တီရယ် ပြောရဲပြောကြည့် ပြောတဲ့သူကို သမီး လက်သီးစာကျွေးပစ်လိုက်မယ် "
မျက်စောင်းလေးတထိုးထိုးနဲ့မဲ့ကာရွဲ့ကာပြောနေသော ရှိန်းကို အန်တီသဘောကျမိသည်
"လာပါ အန်တီရဲ့ ရိုက်ပေးမယ်နော် "
မရိုက်တော့ဘူးလို့ ငြင်းချိန်တောင်မရ သူ့လက်ကိုဆွဲပြီး နောက်ခံရှုခင်းလှတဲ့နေရာသို့ခေါ်သွားခြင်းခံလိုက်ရတယ်
"အန်တီ သမီးရိုက်တော့မယ် ဟယ် အဲ့လိုကြီးပဲနေမှာလား "
စတိုင်လည်းမထုတ် ဘာမှမလုပ်ဘဲ တောင့်တောင့်ကြီးရပ်နေသော အန်တီ
"အန်တီကဘာလုပ်ရမှာလဲဟင် မလုပ်တတ်ဘူး "
"အန်တီရယ် တကယ်ပါပဲ သမီး ပြောပြမယ် အန်တီ့တံတောင်ဆစ်ကို ဒီကိုထောက်လိုက် ပြီးရင်နောက်တဖက်နဲ့ကိုင်ထားလိုက် ဟုတ်ပြီ မျက်နှာလေးကိုဟိုဘက်လှည့်လိုက်နော် ရှုခင်းကိုကြည့်နေသလိုလေး ဟုတ်ပြီဟုတ်ပြီ "
အန်တီ့ကို ဘယ်လိုနေ ဘယ်လိုလုပ် လို့ပြောပြီး ရှုခင်းနဲ့ အန်တီ့ပုံကို လှလှလေးရိုက်ပေးလိုက်သည် အန်တီ့အလှကြောင့် နေဝင်ချိန်ရှုခင်းတောင်မလှသလိုခံစားရလိုက်သည်
"အန်တီ အဲ့အတိုင်းလေးနေပြီး သမီးဘက်ကိုလှည့်ကြည့် "
"သမီး ရိုက်ပြီးပြီလားဟင် "
အန်တီ့အလှမှာမျောပြီး ရိုက်ပြီးတဲ့အကြောင်းကို ပြောဖို့မေ့နေတဲ့အဖြစ်မျိုး
"အော် ဟုတ် ဟုတ်ကဲ့ ပြီးပြီအန်တီရဲ့ ဒီမှာ .."
အန်တီ့အနားသွားပြီး ရိုက်ထားတဲ့ပုံတွေ အန်တီ့ကိုပြရင်း အန်တီ့မျက်နှာနဲ့ နီးကပ်သွားသည် ဘယ်ဘယ်ကကြည့်ကြည့် အပြစ်လုံးဝမရှိတဲ့ အန်တီ့မျက်နှာလေး ရင်ခုန်သံတွေကအတိုင်းမသိကိုမြန်လာတော့ အန်တီကြားမှာစိုးသဖြင့် မသိမသာခပ်ခွာခွာ နေလိုက်တယ်
အပြုံးချိုချိုကိုဆင်မြန်းထားပြီး တောက်ပလွန်းတဲ့အန်တီ့မျက်ဝန်းတွေ ကိုကြည့်ရင်းနေ့စဉ်နေ့တိုင်း စက္ကန့်လေးတောင်မခြားဘဲ အန်တီ့ကိုချစ်တဲ့အကြောင်းတွေပြောပြချင်သေးတယ် အန်တီရယ် ဖြစ်နိုင်ပါ့မလား
အန်တီ့ကိုပိုင်ဆိုင်ဖို့ သမီး ကြိုးစားလိုက်ရမလား အန်တီ
"အန်တီ့ကိုကြည့်ရင်း ဘာတွေတွေးနေတာလဲ သမီး "