ရည်းစားဖြစ်ခါစပူပူနွေးနွေးလေးဆိုတော့ ကြည်နူးမဆုံးပေါ့ ဘာလိုလိုနဲ့ အန်တီနဲ့ချစ်နေတာ ၂လတောင်ကျော်သွားပြီ အန်တီနဲ့နေ့တိုင်းလိုလိုဆေးရုံမှာတွေ့နေရတော့ တကူးတက တွေဖို့ ချိန်းစရာမလို နှစ်ယောက်ထဲစကားပြောချင်ရင် အပေါ်တပ်ကိုတက်သွားရုံပဲ ရံဖန်ရံခါ စတော်ဘယ်ရီသီးဗူးလေးပါသွားတတ်တယ်
ဘာလိုလိုနဲ့ မနက်ဖြန်ဆို သက်ြန်ကျတော့မည်
နေရာတိုင်းမှာလည်း သက်ြန်သီချင်းသံများပျံ့လွင့်နေတယ် သက်ြန်ဆိုရင် ဆေးရုံပိတ်တာမို့လို့ သူငယ်ချင်းသုံးယောက် ဘယ်လျှောက်လည်ရမှန်းမသိသေး"ဟဲ့ မနက်ဖြန် အကြိုနေ့ ဘယ်သွားကြမလဲဟင် "မေဦးမှ
"အကြိုနေ့တော့နားလိုက်ပါဟယ် နောက်နေ့တွေမှလည် ဒါနဲ့ နင်က လမ်းသိလို့လား " နေခြည်မှ
"မသိဘူးလေ သက်ြန်လည်တာပဲဟယ် လမ်းသိစရာမလိုပါဘူး အချိန်တန်ပြန်ရောက်မှာပဲကို "
"ရှိန်း နင်ရော အစီအစဉ် ..."
တကယ်ဆိုရင် မနက်ဖြန်အန်တီနဲ့တွေ့ဖို့ ချိန်းထားသည် ပထမဦးဆုံးရေလောင်းချင်သောကြောင့်
"အန်တီနဲ့တွေ့ဖို့ရှိတယ် ဘုရားမှာ နင်တို့လိုက်ခဲ့လေ "
"မလိုက်ပါဘူးအေ နင်ပဲသွားပါ အတွဲတွေမြင်ရင် ရင်နာလို့ " နေခြည်မှ
"အေးပါဟယ် ပြန်လာရင် နင်တို့အတွက် ခေါက်ဆွဲခပ် ဝယ်လာခဲ့မယ်နော် ဟိ "
............
မနက်ဖြန် သမီးနဲ့တွေ့ဖို့ ချိန်းထားသောကြောင့် ဝတ်ဖို့ အကျီကြိုတင်ရွေးဖို့ ဗီရိုရှေ့ထိုင်ချလိုက်သည်
"မေမေ မနက်ဖြန်သွားစရာရှိလို့လား "
သိနေသော်လည်း မသိချင်ယောင်ဆောင်ပြီးမေးလိုက်သည်
"သမီးကြီး ဟုတ် ဟုတ်တယ် အမေ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့လေ "
အော် မေမေတောင် လိမ်ညာတတ်လို့ပါလား အချစ်ကြောင့်တော်တော်ပြောင်းလဲခဲ့တာပဲ
"သက်ြန်ရက်ကြီးကိုအမေရယ်.. ပြီးမှသွားတာမဟုတ်ဘူး"
"သူတို့လည်းအဲ့နေ့ပဲအားကြလို့ပါ မစိုးရိမ်နဲ့နော် ချက်ချင်းပြန်လာခဲ့မယ် "