အပိုင်း ၃၂

2.5K 229 3
                                    

နေ့လည်စာစားပြီးနောက်ပိုင်း လူနာများတာကြောင့် ဟိုကောင်မလေး ချိန်းတဲ့ စားသောက်ဆိုင်ကို ဆေးရုံကပဲတန်းသွားရတော့မည် တခြားတော့မဟုတ် သူသွားတာနောက်ကျရင် အန်တီ တံခါးပိတ်နောက်ကျပြီး အိပ်တာနောက်ကျမည်စိုး၍သာ...

သူချိန်းတဲ့စားသောက်ဆိုင်က လူကုံထံတွေသာ လာရောက်နိုင်တဲ့ဆိုင်မျိုး ဘာတွေများပြောစရာရှိလို့ ဒီနေရာကိုချိန်းလိုက်တာလဲ.. ဆိုင်ထဲဝင်ပြီး ဝေ့ကြည့်လိုက်တော့ ဒင်းက ရောက်နှင့်နေပြီ

"အမ...."

လက်ပြပြီး ဒီမှာလို့ လှမ်းခေါ်ပြီး သူ့ဘေးနားထိုင်ဖို့ခေါ်သည် သို့သော် မျက်နှာချင်းဆိုင်သာထိုင်လိုက်သည်

"ဘာကိစ္စရှိလို့ ဒီနေရာအထိတောင်ချိန်းရတာလဲ "

"အမ ဘာသောက်ဦးမလဲ အရင်မှာလိုက်ပါဦး "

"မသောက်တော့ဘူး ပြောစရာရှိတာပြောပါ "

waitress လာချပေးတဲ့ ရေ သောက်လိုက်ရင်းပြောလိုက်သည်

"ဒီဆိုင်ကိုသိလား "

"မသိဘူး ငါကမြို့ခံမှမဟုတ်တာ "

"ဒါ အဖေကအမေ့နာမည်နဲ့ဖွင့်ပေးထားတဲ့ဆိုင် မေမေက ကွာရှင်းပြီး မလိုချင်လို့ ညီမကိုဒီဆိုင်ပြောင်းပေးခဲ့တာ "

သူဝင်လာတော့သတိထားမိသည် ဆိုင်နာမည်က

"" NKH restaurant ""

"အဲ့တော့ ငါဘာလုပ်ရမှာလဲ . "

"အမ ညီမကိုပြန်ချစ်နိုင်မလား မေမေ့ကိုဖြတ်လိုက် "

"အဲ့စကားပြောဖို့ပဲဆိုရင်တော့ ငါမလာခဲ့သင့်ဘူး"

လက်ကိုင်အိတ်ဆွဲပြီးပြန်ထွက်သွားမယ်ကြံတော့လက်ကိုလှမ်းဆွဲလိုက်ပြီး..... 

"နေပါဦးအမရယ် ညီမကိုကြည့်စမ်း မလှဘူးလား ချစ်ဖို့မကောင်းဘူးလား မေမေ့ကိုဘာတွေများကြည့်ပြီး ချစ်မိသွားတာလဲ ညီမမှာ မေမေ့ထက်သာတဲ့အလှတွေရှိပါတယ် ပြီးတော့ ဒီဆိုင်က ညီမအပိုင်မို့လို့  အမအတွက်ပဲ "

ဆွဲထားတဲ့လက်ကို ခါချလိုက်ပြီး

"နင်လှတာနင့်ကိစ္စလေ အန်တီနဲ့တော့မယှဉ်နဲ့ အပြင်အလှရော အတွင်းစိတ်အလှရော အန်တီသာတယ် ပြီးတော့နင့်ပိုင်ဆိုင်မှုလည်းစိတ်မဝင်စားဘူး "

ငယ်သူမို့ (completed)Where stories live. Discover now