Episode -3

348 49 0
                                    

ဆိုးလ်မြို့၏ မနက်ခင်း အလှတရားသည် အလွန်ပင် တင့်တယ်လှသည်။
နွေးဦးအချိန်အခါ ဖြစ်သောကြောင့် ချယ်ရီပင်မှ ပွင့်ဖက်လေးများသည် လှပစွာ ပွင့်ဖူးနေကြသည်။
ငှက်ကလေးများ၏ တေးသံချိုချိုတို့သည်သာယာနာ​ပျော်ဖွယ်ရှိလှသည်။

ထိုအချိန်တွင်

ဆိုးလ်မြို့ရှိ တိတ်ဆိတ်၍ အေးရိမ်ငြိမ် ရပ်ကွက်တစ်ခု ဖြစ်ပြီး လူချမ်းသာများနေသည့် အိမ်ရာများရှိသော ရပ်ကွက်တစ်ခုတွင်

'ဂလွမ်! ဂလွမ်! ဂလွမ်!'
Choi Yeonjunသည် ဒယ်အိုးအား တုတ်ဖြင့်တီး၍ သူ့ဝမ်းကွဲ ညီ ဖြစ်သူ Choi Beomgyuအား နှိုးနေခြင်းဖြစ်သည်။
ဤသည်တောင် သကောင့်သား Beomgyuက မနိုးသေး၊ထို့ကြောင့် Yeonjunတစ်ယောက် Beomgyuအား ခြေထောက်မှ ဆွဲ၍ ကုတင်အောက်သို့ ဆွဲချလိုက်သည်။

"အာ Hyung!!!!! အိပ်နေတာကို ဘာတွေလာလုပ်နေတာလဲ"
"မင်းမှ မထသေးတာ လုပ်ရပြီပေါ့ ထ မြန်မြန် ပြောစရာရှိတယ်"
"အာ အဲ့ဒါက နိုးမှ ပြောလေ"
အခု ထိ မျက်လုံး မဖွင့်နိုင်သေးသော Beomgyuအား Yeonjunသည် ကုတင်ဘေး ခုံပေါ်တင်ထားသည့် ပန်းအိုးထဲမှ ရေဖြင့် ပတ်လိုက်ပြီး
"Ya!!!! မျက်လုံးဖွင့်စမ်း"
"ဟာ ဘာလဲဗျာ Hyung ဘာဖြစ်နေတာလဲ အိပ်ကောင်းခြင်း မအိပ်ရဘူး တကယ်ပဲ"ဆိုပြီး ပြန်အိပ်ဖို့ပြင်နေသော Beomgyu

"မင်းလင်Kang Taehyunဆိုးလ်ကို ပြန်လာပီတဲ့"
ထိုအခါမှ Beomgyuသည် မျက်နှာတစ်ခုလုံးနီရဲကာ မျက်လုံး အဝိုင်းသားဖြင့် နှုတ်ခမ်းကိုထော်ပြီး သူ့လင် မဟုတ်ကြောင်းရှင်းပြလာသည်။

"ကဲကဲ ဟုတ်ပြီ အဲ့ဒါ Taehyunieက ပြန်လာပြီး ဒီမှာနေမှာတဲ့"
ထိုအခါ Beomgyuမျက်နှာပိုပြီး ရဲလာကာ
"ဘ-ဘာ ဒီမှာနေမှာ??? သူကလေ?"

"အေးလေကွာ ဘာဖြစ်တာ စကားတောင်ထစ်တယ်😑"ဟု Yeonjunက ပြောလိုက်တော့ Beomgyuက

"အာ ဘာမှ မဖြစ်ပါဘူး ဟွန့် ကျွန်တော့်ကို နှုတ်တောင် မဆက်ဘဲ ထားသွားတဲ့ဟာကြီး ပြောတော့ bffတွေ ဆိုပြီး ဟွန့် သူက အခုလည်း ဒီမှာနေမှာမလား အနိုင်ကျင့်ပြမယ် သူလာရင်😎"

"အမလေး အပိုတွေ သူလာရင်လည်း မင်း အခန်းထဲကကို ထွက်မှာ မဟုတ်ဘူး စိတ်ချ"
အမှန်တရားကို ဒဲ့ဒိုးပြောသွားသော Yeonjunကြောင့် Beomgyuမျက်နှာ တစ်ဖန် နီရဲသွားပြန်ပြီး ရှက်ရှက်ဖြင့် Yeonjunအား သူ့အခန်းထဲမှ မောင်းထုတ်လေသည်။

Be MineWhere stories live. Discover now