Episode- 18

225 23 2
                                    

Taehyun သူ့အလုပ်တွေပြီးပြီးချင်း Yeonjunတို့အိမ်ကိုသွားလိုက်သည်။

အိမ်ကိုရောက်တော့ သူ့ကောင်လေးကမရှိ၊Yeonjun-hyungကိုမေးကြည့်တော့လည်း Beomgyu ဘယ်သွားလဲဆိုတာ မပြောသွားဘူးတဲ့။

Soobinတို့ကို ဖုန်းဆက်ကြည့်တော့လည်း သူတို့နှင့် Beomgyuက အတူမရှိနေဘူးတဲ့။

Taehyunအလွန်စိတ်ပူသွားသည်။

Taehyun သူလွှတ်ထားသည့် ဝန်ထမ်းတစ်ယောက်ကို ဖုန်းဆက်ပြီး မေးကြည့်လိုက်သည်။

တော်သေးသည်။ Taehyunက သူBeomgyuအနားမှာ မရှိကတည်းက Beomgyuမသိအောင် လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားခြင်းကြောင့် ယခုBeomgyuရှိနေတဲ့ နေရာကို သိလိုက်ရသည်။

လူလွှတ်ပြီး စောင့်ကြည်တယ်ဆိုတာကလည်း သူ့ကောင်လေး အန္တရာယ်တစ်ခုခုကြုံမှာစိုးတာကြောင့်သာ ဖြစ်သည်။

Beomgyuက Euphoria Night Clubမှာရှိတာကြောင့် ထိုသို့ လိုက်သွားလိုက်သည်။

Taehyun Clubထဲဝင်ဝင်ချင်း

လူသုံးယောက်က သူ့ကောင်လေးကို နှောင့်ယှက်နေတာတွေ့လိုက်သည်။

~~~~~

Taehyunက ထိုအမူးသမားကို တွန်းထုတ်လိုက်တော့ ထိုအမူးသမားက လဲနေရာက ပြန်ထလာပြီး ပြန်ထိုးဖို့ လုပ်သော်လည်း Taehyunက ထိုလူ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် သုံးချက်ဆင့်ထိုးလိုက်ပြီးပြီ ဖြစ်သည်။

ထိုအမူးသမားလည်း လဲသွားပြီး ပါးစပ်မှ သွေးများပါ စီးကျလာသည်။

ကျန်တဲ့ အမူးသမား နှစ်ယောက်ကပါ ကြွတ်ပြီး ကြောင်ကြည့်နေသည်။

"ဘာကြည့်နေတာလဲ မင်းတို့ပါ သူလို ဖြစ်ချင်လို့လား"

Taehyun၏ အေးစက်လှတဲ့ အသံနှင့် ဒေါသကြောင့် တွန့်ချိူးနေသော မျက်ခုံးတစ်စုံတို့က မြင်ရသူအဖို့ ရှိန်စရာကောင်းနေသည်။

အမူးသမားနှစ်ယောက်ကလည်း ​လဲနေတဲ့ တစ်ယောက်ကို ထူကာ Clubထဲကနေ ထွက်သွားကြသည်။

Clubထဲက သူများကလည်း သူတို့အဖြစ်အပျက်ကို စပ်စုနေကြသည်။

"ဘာတွေအဲ့လောက်စပ်စုနေကြတာလဲ ကိုယ့်ကိစ္စကိုယ်လုပ်ကြ"

Be MineWhere stories live. Discover now