Episode- 17

213 25 0
                                    

Beomgyuလည်းTaehyunကို အရွဲ့တိုက်ပြီး Taehyunမကြိုက်သည့် လုပ်ရပ်များကို စတင်လုပ်မည်ဟု ဆုံးဖြတ်ထားသည်။

Taehyunက clubတက်တာကို မကြိုက်ပါ၊ ည့ဥ်နက်တဲ့အထိ မအိပ်ဘဲနေတာကို မကြိုက်ပါ ဤသည်ကလည်း စိတ်ပူလွန်း၍ကြောင့်သာဖြစ်သည်။

Beomgyuကတော့ ယခုအချိန်တွင် Taehyunကို ခဏမေ့ထားချင်သည်။

သို့သော် တစ်ချက်တစ်ချက် အတွေးထဲ ပေါ်ပေါ်လာသည်။

Beomgyuတစ်ယောက် စိတ်ရှုပ်လို့ ခေါင်းတစ်ချက်ဖွပြီး အောက်ထပ်သို့ ဆင်းလာသည်။

ဧည့်ခန်းထဲတွင် Yeonjun တီဗီကြည့်နေတာကိုမြင်တော့ သူပါ ဆိုဖာပေါ် ထိုင်ပြီး ကြည့်နေလိုက်သည်။

သူ့ညီ တစ်ခုခုဖြစ်နေသည်ကို ရိပ်မိသည့် Yeonjunက

"Beomie-ya ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"မဟုတ်ပါဘူး ဒီတိုင်း ညက အိပ်မပျော်လို့"

"Ya!! ငါမင်းကို ထိန်းကျောင်းလာခဲ့တာ နှစ်နဲ့ချီနေပြီ မင်းပါးစပ်ဟလိုက်တာနဲ့ ဆိုဂျူးဘယ်နှစ်ပုလင်းသောက်ထားလဲ သိတယ်"
"ဪ..."

အစ်ကိုဖြစ်သူ၏ အပြောကြောင့် Beomgyuစွံအသွားသည်။

Yeonjunပြောမှပဲ Beomgyuလည်း အရက်သမားကြီးလိုလို ဖြစ်တော့သည်။

"ကဲပါ ပြော ဘာဖြစ်လို့လဲ"အတင်းဇွတ်မေးလာတဲ့ Yeonjun

"ဘာမှမဖြစ်ဘူး ဟိုလူဆိုးကောင်ကြီးကြောင့်.."

"ဟေ ဘယ်သူ? အာ Taehyunieလား"
"ဟုတ်တယ်!" Beomgyuကပြောရင်း စိတ်ပေါက်လာသည်။

Beomgyuလည်းYeonjunကို အကြောင်းစုံပြောပြလိုက်တော့

"အင်း~ မင်းထင်သလိုမဟုတ်လောက်ပါဘူး ပြီးတော့ မင်းပြောပုံအရဆိုရင် အဲ့မိန်းကလေးက Ryujinထင်တယ်"

"Hyungသူ့ကိုသိတာလား?" Beomgyuက မျက်လုံးအဝိုင်းသားနှင့် မေးလာသည်။

"အွန်း သိတာပေါ့"
"သူက ဘယ်သူလဲ Taehyunနဲ့ အရမ်းခင်တာလား Hyungနဲ့ ဘယ်လိုသိတာ??? "ဆက်တိုက်မေးလာတဲ့ Beomgyuကို Yeonjunက စိတ်လေသည့် အကြည့်ဖြင့် ကြည့်ရင်း

"သိပ်မသိချင်ရှာဘူး😒 ​ကဲ ပြောပြမယ် သူက Shin Ryujinတဲ့ Taehyunရဲ့ ငယ်သူငယ်ချင်း ငါနဲ့က စီးပွားဖက်မလို့ သိတာ"

Be MineWhere stories live. Discover now