Episode- 21

213 25 0
                                    

Companyရှိ ရုံးခန်းထဲ၌ Taehyunတစ်ယောက် အလုပ်များကို လက်စသတ်နေစဥ်

သူ့၏ အဖေဖြစ်သူက ဖုန်းဆက်လာသည်။

Taehyunမဲ့ပြုံးတစ်ချက်ပြုံးမိသည်။

သူ တစ်နိုင်ငံလုံးသိအောင် ကြင်ညာလိုက်တဲ့ သတင်းကြောင့် သူ့အဖေ အတော်ကို ဆွေ့ဆွေ့ခုန်နေမည်ဖြစ်ကြောင်း သူသိသည်။

"hello~~ ချစ်ရပါသော ဒယ်ဒီခင်ဗျ"

"တော်စမ်း မင်းတမင်လုပ်တာမလား"

"ဘာကိုလဲ ဒယ်ဒီရဲ့"

"မင်းအရှက်မရှိ confirmလိုက်တာလေ ဘာတဲ့ ချစ်သူကောင်လေးရှိနေပြီဟုတ်လား တော်တော်မျက်နှာပြောင်တိုက်တာပဲ မင်း! "

Taehyunကတော့ သွေးအေးစွာဖြင့်

"ဘာလို့ အဲ့ဒီလောက် ဒေါသထွက်နေရတာလဲ ဒယ်ဒီရယ် ကျွန်တော်က သူ့ကို ချစ်လို့ သူ့ကို လက်ထပ်မှာလေ အဲ့ဒါကြောင့် အမှန်တရားကို ထုတ်ဖော်လိုက်တာ"

"မင်း! "

Mr.Kangကတော့ ဆွေ့ဆွေ့ခုန်နေသည်။

သူ့သားဖြစ်သူက သူ့အား လက်တုံ့ပြန်လိုက်ခြင်းကြောင့် ဖြစ်သည်။

"ဒယ်ဒီလက်ချက်ဆိုတာ ကျွန်တော်သိတယ်"
Taehyunက သွေးအေးစွာ ဆိုလာသည်။

"ဘာကွ!"

Taehyunတစ်ချက် ရယ်ကာ

"ဟက် ဒယ်ဒီက ကျွန်တော့်ကို စိတ်တွေရှုပ်အောင် Companyမှာ ပြဿနာတွေတက်အောင်လုပ်၊ Gyuလေးကိုလည်း ကျွန်တော့်ကို အထင်လွဲအောင်လုပ် ဟုတ်တယ်မလား"

"အေး ဟုတ်တယ် အဲ့ဒါဘာလို့လဲဆိုတော့ မင်းကို အဲ့လို လိင်တူနဲ့ သဘောမတူလို့ပဲ"

"ဒယ်ဒီက အငြိုးတွေကြောင့် သဘောမတူနိုင်တာပါဗျာ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ မာမီကလည်း ဒယ်ဒီ့ကို တကယ်ချစ်တာပဲလေ"

Mr.Kang ခဏတာ တွေဝေသွားသည်။

သူချစ်တဲ့ ဇနီးက လိင်တူချစ်ကြိုက်သူဖြစ်နေခဲ့ပြီး သူမ သူနှင့် လက်မထပ်ခင် ချစ်ကြိုက်ခဲ့တဲ့ သူကChoi Beomgyu၏ အမေ ဖြစ်နေခဲ့သည်။

Beomgyuနှင့် Taehyun ငယ်စဥ်က သူတို့ မိသားစုနှစ်စုလုံး အရမ်းရင်းနှီးကြပြီး အိမ်ချင်းကပ်လျက်နေခဲ့ကြသည်။

Beomgyuအလည်တန်း ပထမနှစ်မှာပဲ Mr.Kangက သူ့ဇနီးနှင့် Beomgyu၏အမေကို ဖောက်ပြန်နေသည်ဟု အထင်လွဲပြီး Taehyunကို ခေါ်ကာ USသို့ ထွက်သွားခဲ့ခြင်းဖြစ်သည်။

Beomgyu၏ အဖေ သည်လည်း ထိုကိစ္စကို သိပေမယ့် အထင်မလွဲခဲ့ပါ။ အတိတ်က ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် ခွင့်လွှတ်ပေးခဲ့သည်။

သို့သော်လည်း

Mr.Kangကတော့ စိတ်ဆက်ပြီး မာနကြီးသူဖြစ်တာကြောင့် ထိုကိစ္စကို ခွင့်မလွှတ်နိုင်၊ သူထင်တာမှန်သည်ဟုသာ စိတ်ထဲမှတ်ထားသည်။

အမှန်က Taehyunအမေနှင့် Beomgyuအမေတို့က ဖောက်ပြန်ခဲ့ခြင်းမဟုတ်။

ငယ်ဘဝတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး ကြီးလာတာနှင့် အမျှ မေတ္တာသက်ဝင်ခဲ့ကြခြင်းပင်။

အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားကြခဲ့ခြင်းဖြစ်သည်။

Mr.Kang သူ့ဇနီးဖြစ်သူကို မုန်းချင်ခဲ့သည်။

သို့ပေမယ့် သူမကတော့ သူ့အား တကယ်ချစ်ခဲ့ခြင်းပင်။

သူကလည်း သိ​သည်။

ခေါင်းမာသော စိတ်ဓာတ်ရှိနေခြင်းကြောင့် သူမာနခဲနေခြင်းပင်။

"တော်ပြီ Kang Taehyun မင်းအမေကြောင်း မပြောနဲ့တော့ ငါ နောက်အပတ် Seoulကို ပြန်လာခဲ့မယ်" ပြောကာ ဖုန်းချသွားသည်။

Taehyun သက်ပြင်းတစ်ချက် ချမိသည်။

အသက်တွေလည်း ကြီးနေကြပြီကို ယခုထိ မာနခဲနေသော မိဘနှစ်ပါးကြောင့် စိတ်လေမိသည်။

စိတ်ရှုပ်လာတာနှင့် အိမ်သို့သာ အမြန်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

အိမ်တွင် သူချစ်တဲ့ သူလေးက သူ့အားမျှော်နေမည်မဟုတ်ပါလား..။






Be MineWhere stories live. Discover now