Episode- 30

175 18 3
                                    



ပြာလဲ့နေသော ပင်လယ်ပြင်ရှိ ရေလှိုင်းတို့က ကမ်းစပ်သဲသောင်ပြင်ကို အဆက်မပြတ် ရိုက်ခတ်နေတော့ လှိုင်းသံတို့မှာ စည်းချက်ညီညီ ထွက်ပေါ်နေသည်။ ကောင်းကင်၌ များစွာသော တိမ်တို့ ထူထပ်နေသည်ကြောင့် ယခင်နေ့များတွင် အလွန်နေပူပြင်းလှသော်ငြား ယနေ့တွင်တော့ တိမ်ထူနေပြီး အနည်းငယ်သာ နေပူသည်မို့ ရာသီဥတုမှာ သာယာနေလေရဲ့။

လှိုင်းတို့ ရိုက်ခတ်ခြင်းခံရသော ကမ်းစပ်လေးနှင့် အနည်းငယ် ဝေးသည့်နေရာတွင် အဖြူရောင်ထိုင်ခုံလေးများကို စီစီရီရီ ချထားသည်။ အလည်၌ လျှောက်လှမ်းလေးတစ်ခု ရှိပြီး ဘေးနှစ်ဖက်၌ ယင်းခုံဖြူလေးတို့အား ချထားလျက်ရှိ၏။

ခုံဖြူလေးတို့က ပင်လယ်ပြင်ဘက်အား မျက်နှာမူထားပြီး ခုံတို့၏ အရှေ့ဆုံးဖြစ်သည့်၊ ကမ်းစပ်နှင့်လည်း မနီးမဝေးလေးဖြစ်သည့် နေရာတွင် ဇာအဖြူလေးနှင့် မိုးထားပြီး ဘေး၌လည်း လိုက်ကာသဖွယ် ချထားသေးသည့်  နေရာလေးတစ်နေရာ ရှိသည်။

၎င်းအပြင်အဆင်တို့ကို ကြည့်ခြင်းဖြင့် လူအနည်းအကျဥ်းနှင့် ကျင်းပသော လက်ထပ်မင်္ဂလာပွဲလေးတစ်ခု ဖြစ်မည်ကို အတပ်ပြောနိုင်သည်။

ခုံဖြူလေးတို့အလည်ရှိ လျှောက်လမ်းကလေးအား ပိတ်စအဖြူလေး ခင်းထားပြီး ပန်းနုရောင် နှင်းဆီပွင့်ဖက်တို့အား ကျဲထားသည်။ လျှောက်လမ်း၏ ဘေးနှစ်ဖက်တွင် ပန်းနုရောင်နှင့် အဖြူရောင်နှင်းဆီတို့ ပါဝင်သည့် ပန်းအိုးကလေးများအား အလှဆင်ထားသည်။

ကြည့်လိုက်တိုင်း Beomgyu၏ အနှစ်သက်ဆုံးဖြစ်သည့် ထိုနှင်းဆီပန်းနုရောင်နှင့်အဖြူရောင်တို့အား ဖွေးဖွေးလှုပ်နေအောင်ကို Taehyunက အသေးစိတ်စီစဥ်ပေးထားသည်။

လက်ထပ်ပွဲစတင်ဖို့ နာရီအနည်းငယ်လိုနေသေးတာကြောင့် ယခုမှ Beomgyuက စတင်၍ ပြင်ဆင်နေသည်။ ယောက်ျားလေးဖြစ်တာကြောင့် အထွေထွေအထူးထူးပြင်ဆင်စရာမရှိသော်လည်း ရောက်နေသည်နေရာက ကမ်းခြေမို့ အသားအရည်ထိန်းသိမ်းသည့်အနေဖြင့် sunscreenအား လိမ်းရမည်။

မလိမ်းခင် ရေဓာတ်ပြည့်အောင် face mask အရင်ကပ်ရန် မကပ်ခင် သေချာမျက်နှာသစ်၍ အညစ်အကြေးများအားရှင်းထုတ်နေလိုက်သည်။ ပြီးကာမှ face maskတစ်ထုပ်ဖောက်၍ ကပ်နေလိုက်သည်။

Be MineWhere stories live. Discover now