Episode- 29

206 24 14
                                    

ငှက်ငယ်တို့ အိပ်တန်းတက်သည့် နေဝင်ရီတယောအချိန်တွင် ဖြစ်သည်။ မတိုးမကျယ်ဖွင့်ထားသည့် ညိမ့်ညောင်းနေသော သိီချင်းသံစဥ်အား နားစဥ်၍ မြို့ပြ၏ အလှတရားနှင့် ကောင်းကင်ယံထက် လှပစွာနေရာယူနေသည့် နေဝင်ဆည်းဆာအား ကား၏မှန်ကတစ်ဆင့် ငေးမောကြည့်ရှူ့နေမိသည်။

ဘေးခုံ၌ ကား၏မှန်ကနေ အပြင်ဘက်ကို ငေးကြည့်နေသည့် ထိုဝက်ဝံပေါက်လေးထံ Taehyun၏ အကြည့်တွေအလိုလိုရောက်ရှိသွားသည်။

သူ၏ နှုတ်ခမ်းထူတို့ထက် နူးညံ့သည့် အပြုံး၊ မျက်ဝန်းတို့၌ နူးညံ့သည့် အကြည့်တို့ဖြင့် သူ့အပိုင်လေးကို Taehyun မျက်တောင်မခပ်တမ်းကြည့်နေမိ၏။

" ရှေ့ကိုကြည့်မောင်းပါကွ အကုန်သေကုန်တော့မှာပဲ.. "

ကြည်နူးနေသည်ကို ဝင်ဖြတ်သူက နှစ်ယောက်မရှိသည့် ယောက်ဖလောင်း Yeonjun.

" မောင်းပါတယ် ယောက်ဖကလည်း "

" ငါ့ညီကိုပဲ ကြည့်နေတာပီးတော့များ လေယာဥ်ပေါ်ရောက်မှ အဝကြည့် ခုတော့ ငါငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူး "

" အဟွတ် Hyungက ဘယ်လိုလုပ်ပီး ငယ်ငယ်ရွယ်ရွယ်?? သုံးဆယ်နားကပ်နေပီကို- "

ဒဲ့ဖဲ့ချလိုက်သော Beomgyuကြောင့် Yeonjunအသံကုန် ဟစ်ကာ

" ယားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "

" အာရီးဂူးး တိုးတိုးသာသာအော်ပါ ယောက်ဖရာ "

" တိိုးတိုးအော်လို့ရမလားးးးးးးးးးကွ "

" အိုက်ယားး ဟုတ်ပါပီဗျာ "

ခပ်ဟဟရယ်၍ သူ့ယောက်ဖလောင်းကို မျက်နှာချိုပြန်သွေးရပြန်သည်။

ယောက်ဖလောင်းက သူတစ်ယောက်တည်း သူကားနှင့်သူ လေယာဥ်ကွင်းကို မသွားဘဲ Taehyunတို့အတွဲနှင့် အတင်းလိုက်မည်ဟု ဂျီကျပြီး ယခုလည်း ကြီးကောင်ကြီးမားနှင့် ပွစိပွစိလုပ်နေပြန်သည်။

Taehyunက ကားကို ဘယ်ဘက်လက်ဖြင့်မောင်းပြီး ညာဘက်လက်ဖြင့် Beomgyu၏လက်ဖဝါးနွေးနွေးလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။

ဤသည်ကိုသိတော့ Beomgyuက ကြည်နူးစွာပြုံးပြီး မျက်ဝန်းလေးတွေထဲ ကြည်နူးရိပ်လေးဖြတ်ပြေးကာ Taehyun၏ လက်ကို ပြန်ဆုပ်ကိုင်ထားလိုက်သည်။

Be MineDonde viven las historias. Descúbrelo ahora