Episode- 22 🚨

489 28 0
                                    


ဧည်ခန်းထဲရှိ ဆိုဖာပေါ်တွင် Beomgyuတစ်ယောက် လှဲပြီး TVကြည့်နေသည်။

Yeonjun-Hyungက ခရီးသွားနေတာမို့ အိမ်မှာ မရှိသောကြောင့် Beomgyuတစ်ယောက်ထဲ Taehyunအလာကို စောင့်နေခြင်းဖြစ်သည်။

နာရီကို ကြည့်မိတော့ ခုနစ်နာရီ ထိုးပြီဖြစ်သည်။

ဒီအချိန်ဆို Taehyunအိမ်ပြန်လာတော့မည်။

ရုတ်တရက် ကားသံကြားလို့ ပြတင်းပေါက်နေလှမ်းကြည့်လိုက်တော့

Taehyunကား ဖြစ်နေသည်။

Beomgyuလည်း ပျော်သွားပြီး တံခါးသွားဖွင့်လိုက်သည်။

Taehyunအိမ်ထဲ မဝင်ခင်တည်းက သူ့ကို ပြတင်းပေါက်ကနေ ကြည့်နေသည့် ဝက်ဝံပေါက်လေးကို တွေ့သည်။

သူ့ဝက်ဝံပေါက်လေးက shirtအင်္ကျီအဖြူလေးကို ဝတ်ဆင်ထားသည်။အောက်ကလည်း ပေါင်းအလည်လောက်သာရှိသည့် ဘောင်းဘီအနက် အတိုလေးကို ဝတ်ထားသည်။

အိမ်နေရင်းမို့ ကပိုကရိုလေး ဝတ်ထားပုံလေးက Taehyunကို ဆွဲဆောင်နေသလိုပင်။

Taehyunကို တွေ့တော့ Beomgyuက တံခါးဖွင့်ပေးပြီး စည်းကြိုသည်။


"အယ် မောင်ပြန်လာပြီ "

သုံးလိုက်တဲ့ နာမ်စားကြောင့် Taehyun ကြက်သေ သေသွားရသည်။

"အာ မောင် ဘာဖြစ်လို့လဲဟင်"

Taehyun Beomgyuရဲ့ ပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်၍

"ကိုယ့်ကို ဘယ်လို ခေါ်လိုက်တာ?? "

"မောင် လို့ ခေါ်တာလေ ဘာလို့လဲ"

"အား ချစ်စရာလေး! "

ရုတ်တရက် သူ့Beomgyuလေးကို ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်မိသည်။

"အာ~ Taehyun-na~ အသက်ရှူကြပ်တယ်လို့"

"ခုနကလို မောင်လို့ပဲ ခေါ်လေကွာ"

"မင်း.. မကြိုက်ဘူးထင်လို့"

"မကြိုက်မှတော့ အခုလို ဖက်ထားမလား အဲ့လောက်ချစ်ဖို့ကောင်းနေရင် ဆွဲကိုက်ပစ်မှာနော်"

"ဟမ် ဘယ်ကို ကိုက်မှာ"

Taehyun သူ့ကောင်လေးကို ပုခုံးကနေ ကိုင်ကာ ရင်ခွင်ထဲက ပြန်ထုတ်လိုက်ပြီး

Be MineWhere stories live. Discover now