Episode- 11

226 28 0
                                    

ဟန်မြစ်ကမ်းဘေးရှိ ကားလမ်းမ​ပေါ်တွင် ကောင်လေးတစ်ယောက်က သူ့ရှေ့က ကောင်လေးတစ်ယောက်ကို မျက်နှာချင်းဆိုင် ခါးမှ ဖက်ပြီး ချစ်ရေးဆိုနေပုံသည် အလွန်ပင် ကြည်နူးစရာကောင်းလှသည်။

ညချမ်းအချိန်ဖြစ်တာကြောင့် မြစ်ကမ်းမှ တိုက်ခတ်လာသော လေပြေအေးများကြောင့် Beomgyu၏ ဆံနွယ်လေးများက လွင့်လူးသွားသည်။Taehyunမှ ထိုလွင့်လူးနေသော ဆံနွယ်လေးအား နူးညံ့စွာ သပ်ပေးလိုက်ပြီး
"Gyuလေး ကိုယ့်ကို တစ်ခုခုပြန်ပြောဦးလေ"

ထိုအခါမှ Beomgyuအသိပြန်ဝင်လာပြီး မျက်ဝန်းများမှ မျက်ရည်လေးများစို့လာကာ

"မင်း-မင်း တကယ် မကောင်းဘူး ဟင့် အခုမှ အဲ့စကားကိုပြောရလား ငါမင်းအပေါ် ဘယ်လိုခံစားချက်ရှိလဲ မင်းမသိဘူးလား ဒီနေ့ည Night outထွက်မယ်ဆိုပြီး ငါ့ဆီမလာဘဲ တခြားသူတွေနှင့် တူတူရှိနေတယ် အီးးဟီး ငါကတော့ မင်းကို ချစ်လိုက်ရတာ အီးဟီး မင်း​ကို အရွက်တိုက်ပြီး ရည်းစားတွေ ဘယ်လောက်ပဲ ထားထား မင်းကို မမေ့နိုင်ခဲ့ဘူး ဒါတောင် မင်းကတော့ ငါ့ကို တန်ဖိုးမထားဘူး အီးးဟီးး"

ပြောလည်းပြော လက်ကလည်း Taehyunရင်အုံကို ထုနေလေသည်။

Taehyunက သူ့ရှေ့ကကောင်လေးကို မြတ်နိုးစွာကြည့်ပြီး ရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားလိုက်သည်။

"မငိုနဲ့တော့ ကိုယ် တောင်းပန်ပါတယ် ကိုယ် Gyuလေးကို တန်ဖိုးမထားတာမဟုတ်ပါဘူး တန်ဖိုးထားလွန်းလို့ Gyuလေး မွေးနေ့ အတွက် ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်နေလို့ပါ အခုတော့ Gyuလေးဆီက ခံစားချက်တွေကို သိလိုက်ရလို့ ကိုယ် တကယ် ဝမ်းသာတယ်"

ရင်ခွင်ထဲကကောင်လေးရဲ့ မျက်နှာနုနုလေးကို ပြန်ကြည့်ရင်း

"Gyu ခုနက ကိုယ့်ကို သဝန်တိုသွားတာလား" မေးလိုက်တော့ ရှက်လို့ ခေါင်းငုံ့ထားတဲ့ Beomgyuရဲ့ နီရဲနေတဲ့ မျက်နှာလေးကို မေးစေ့မှ ကိုင်ကာ အပေါ်ကို ညှင်သာစွာ မော့ပေးလိုက်တော့

"သဝန်တိုတာပေါ့ ဟွန့် မင်းက တော်တော် လူလည်ကျတယ် အသားယူတယ် ပြီးတော့
အီးဟီး ငါ့ရဲ့ first kissလေးကို လုယူသွားတယ် 😭"ငိုပြီးပြောလာတဲ့ Gyuလေးကို Taehyunက သူ့ရင်ခွင်ထဲ ပြန်ထည့်ကာ ခေါင်းလေးကို ဖြည်းဖြည်းလေး ပုတ်ပြီး

Be MineWhere stories live. Discover now